Monday, August 26, 2013

ကျောင်းထိုင်သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံး

Posted by drmyochit Monday, August 26, 2013, under | No comments

ရွှေပြည်သာ၊ သြဂုတ် ၂၆။

ရွှေပြည်သာမြို့၊ (၆)ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ယင်းကျောင်းတွင် တစ်ပါးတည်း သတင်းသုံး နေထိုင်သော ဝါတော် ဆယ်ဝါရှိ ကျောင်းထိုင်ဆရာတော် ဦးဗုဒ္ဓဝံသ၊ အသက်(၃၀)သည် ကျောင်းတိုက်အောက်ထပ်၊ ၎င်းနေထိုင်သည့် အခန်းအတွင်း
အမြင့်ရှစ်ပေကျော်ရှိ ထုတ်တန်းတွင် အရှည်ကိုးပေခန့်ရှိသော အေကသီ သင်္ကန်းစအား ကြိုးအဖြစ် အသုံးပြု၍ မတ်တပ်ရပ်ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်ကြောင်း သေမှုသေခင်း မှတ်တမ်းများအရ
သိရသည်။

အဆိုးပါရုပ်ကလပ်အား အင်းစိတ်ဆေးရုံတွင် ပီအာရ် ၁၇/၁၃ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် မျိုးမင်းကျော်မှ တရားလိုပြုလုပ်တိုင်တန်းမှုအား
ရွှေပြည်သာ မြို့မှ ရဲစခန်းမှ သေမှုသေးခင်း အမှတ်စဉ် ၁၇/၁၃ဖြင့် အမှုဖွင့်၍ စခန်းမှူးဖြစ်သူ အမှုစစ်ဒုရဲမှူးဦးဌေးအောင်မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်