ဆဲလ်ဖုန်း ပေါက်ကွဲတယ် ဆိုတာ ရယ်စရာ တစ်ခု မဟုတ် ပါဘူး။ အခုလည်း Samsung Galaxy SIII ဟာ Fanny Schlatter အမည်ရှိ အသက် (၁၈) နှစ် အရွယ် မိန်းကလေးရဲ့ ဘောင်းဘီ ထဲမှာ ပေါက်ကွဲ ခဲ့ပါတယ်။ ပေါင် မှာတောင် ထိခိုက်မှု တော်တော် များတဲ့ အတွက် ဟမ်းဆက်မှာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ ပါဘူး။ အခု ဆိုရင် ဖုန်းတွေဟာ ဘယ်နေရာ မှာမဆို ပေါက်ကွဲ နိုင်တယ် ဆိုတာ သတိ ထားမိ ကြမှာပါ။
အတိ အကျတော့ မသိရ သေးပေမယ့် မိန်းကလေးဟာ တခြား ထိခိုက် မှုတွေ ထပ်မဖြစ် ဖို့အတွက် အရေပြား အပေါ် လွှာကို ဖြတ်ထုတ် ခဲ့ရ ပါတယ်။ ဒီပေါက်ကွဲ မှုဟာ မိန်းကလေး အလုပ် ခွင်မှာ အလုပ် လုပ်နေတုန်း ဖြစ်ခဲ့တာ ဖြစ်ပြီး ဆွစ်ဇာလန် မှာရှိတဲ့ Samsung ကတော့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို သိရဖို့ ကိုရီးယားကို ဖုန်း ပြန်ပို့ပြီး စစ်ဆေး မယ်လို့ ပြောခဲ့ ပါတယ်။
Ref & Credit: credowave.com
Time in Rangoon


0 comments:
Post a Comment