Thursday, July 11, 2013

သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ

Posted by drmyochit Thursday, July 11, 2013, under | No comments


ရန်ကုန်မြို့သို့ သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို သာသ နာ တော် ညှိုးနွမ်းစေ မှုဖြင့် အမှုဖွင့်ပြီး ၎င်းတို့အား ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦးကိုလည်း ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် သင်္ကန်းဝတ်ဖြင့် သံဃာအယောင်ဆောင်ကာ Beman လေ ကြောင်း လိုင်းဖြင့် ဇူလိုင် ၉ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့ပြီး ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးက လာရောက်ကြိုခဲ့ကြောင်း၊ ၎င်းတို့နှစ် ဦးအား ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်းသို့ ပို့ပေးကာ တည်းခိုစေခဲ့ကြောင်း သိရသည်။

တည်းခိုခန်းသို့ ရောက်ရှိပြီး မကြာမီ အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးသည် အရပ်ဝတ်ဖြင့် ဆင်း လာကာ တည်း ခိုခန်းအောက် လမ်းဘေးထမင်းဆိုင်တွင် ထမင်းစားနေကြောင်း သတင်းအရ ပန်းဘဲတန်း ရဲစခန်း မှ တာဝန်ရှိ သူများက သွားရောက်ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်စစ်ဆေးရာတွင် ၎င်းတို့နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်နေကြပြီး မလေးရှားနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးမည်ဟု မြန်မာနိုင်ငံမှ မွတ်စလင် လင်မ ယားနှစ် ဦးက ဖုန်းဆက်ပြောဆိုခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ယခုလို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောက်ရှိလာပြီး မွတ်စလင် လင်မယားနှစ်ဦး ပို့ပေးသည့် တည်းခိုခန်းတွင် တည်းခိုပြီးနောက် ထမင်း စား ရန် သင်္ကန်းဝတ်နှင့် မသွားဘဲ အရပ်ဝတ်ဖြင့်သာ သွားပါဟု မွတ်စလင် လင်မယားနှစ်ဦးက ပြောသဖြင့် အရပ် ၀တ်ဖြင့် ထမင်းထွက်စားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး သင်္ကန်းဝတ်ထား သည်မှာလည်း ၁၅ ရက် သာ ရှိသေးကြောင်း ရဲ၏စစ်ဆေးချက်အရ သိရသည်။

"အဲဒီ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးရဲ့ ဖုန်းနံပါတ်ကနေတစ်ဆင့် မွတ်စလင် လင်မယားနှစ်ဦးကို ခြေရာခံ မိတာပါ။ သူတို့လင်မယား နှစ်ဦးကို ဇူလိုင် ၉ ရက်ည ၉ နာရီခွဲမှာ သကေတမြို့နယ်၊ ၇/၈ ရပ်ကွက်မှာရှိတဲ့ သူတို့နေ အိမ်မှာပဲ ဖမ်းဆီးရမိ ခဲ့ပါတယ်" ဟု ပန်းဘဲတန်း ရဲစခန်းမှ စခန်းမှူးက ဇူလိုင် ၁၀ ရက် မွန်းလွဲ ပိုင်းက ပြောကြားသည်။  

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရာတွင် လက်ကိုင်ဖုန်းတစ်လုံး၊ အမေရိကန်ဒေါ်လာ  ၁၀၀ တန် ခြောက်ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေ ၅၀၀ တန် တစ်ရွက်၊ ၁၀၀ တန်နှစ်ရွက်၊ ၅၀ တန် တစ် ရွက်၊ မြန်မာငွေစက္ကူ ၁၀၀၀ တန် ၆၃ ရွက်၊ ၅၀၀၀ တန် ၅၉ ရွက်နှင့် အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ် ဦး၏ လေယာဉ်လက်မှတ်နှင့် ပတ်သက်သော စာရွက်စာတမ်း ၁၃ စောင်တို့ကို ၎င်းတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘာသာရေးကို ခုတုံးလုပ်၍ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် သင်္ကန်းအား ၀တ်ဆင်ကာ လူအများ ကိုးကွယ် သည့် ဗုဒ္ဓဘာသာ သာသနာကို နစ်နာပျက်စီး ယုတ်ညံ့စေရန် ပြုလုပ်ခြင်း၊ နိုင်ငံအတွင်း နေ ထိုင်သော လူများ၏ ဘာသာရေးစိတ်ကို နာကြည်းစေခြင်း၊ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားခြင်း တို့ ပြု လုပ်ရာ ရောက်သဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးဖြစ်သည့် PARSUJET BARUA နှင့် Antar Barua တို့ကို ပန်းဘဲတန်း မြို့မရဲစခန်းက အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်