Friday, November 30, 2012

နျူပစ္စည်းတွေ ကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော် အမတ် စာရေးမေးမြန်း

Posted by drmyochit Friday, November 30, 2012, under | No comments


မြန်မာနိုင်ငံကို တရားမ၀င်တင် ပို့မယ်လို့ယူဆရတဲ့ နူကလီယားအနုမြူ အစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်း တချို့ ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား  သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့ သတင်း ပေါ်ထွက် လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် တစ်ယောက်က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ -  ပြီးခဲ့တဲ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာ ရပ်ခံချက်အရ ဂျပန်အာဏာ ပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်း တွေနဲ့အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကို ပို့မယ်လို့ ယူဆရကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းထွက် ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်  ဆီးနိတ် အထက်လွှတ်တော် ရီပါဘလီကင် အမတ်ရစ်ချတ်လူဂါက သမ္မတဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့တာဖြစ်ပါတယ်။  မစ္စတာ ရစ်ချတ်လူဂါဟာ အမေရကိန်လွှတ်တော် အနုမြူမပျံ့ပွားရေး ဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်