ကေအိုင်အေများကလည်း
ဗကပနှင့်မခြား၊ ကျောက်စိမ်းမှောင်ခို လုပ်ငန်းသာမက ဘိန်းကုန်ကူးခြင်း၊ ဘိန်း
စိုက်ပျိုးထုတ် လုပ်ခြင်းများကိုပါ အထူး အလေးထား လုပ်ဆောင် ခဲ့ကြသည်။ ကေအိုင်ေ
အခေါင်းဆောင် ဇော်ဆိုင်းနှင့်ဇော်တူး ညီနောင် တို့ရှိစဉ် ကကျောက်စိမ်းနှင့် ဘိန်းများကိုမြင်း၊
လားများဖြင့် သယ်ဆောင်၍ ထိုင်း -မြန်မာနယ်စပ်ရှိ ကေအိုင်အေနိုင်ငံခြား
ဆက်သွယ်ရေးစခန်း (OFFICE OF THE KACHIN FOREIGN AFFAIR,OKFA)သို့ ပို့ဆောင်ပြီး
တစ်ဖက်နိုင်ငံ တွင်ရောင်းချကြသည်။ ရရှိသောငွေများဖြင့် လက်နက် ခဲယမ်းများ၊
ဆက်သွယ်ရေးစက်များ၊ အခြား လိုအပ်သော ပစ္စည်းများကို တစ်ဖက်နိုင်ငံမှ ကုန်သည် များ၊
ဒေသခံ အာဏာပိုင်များ ထံမှ ၀ယ်ယူကြ သည်။ ကချင်ပြည်နယ် ကာမိုင်း၊ လုံးခင်း၊
ဖားကန့်ဒေသ တွင် ကေအိုင်အေ တပ်မဟာ(၂)ကို ဖွဲ့စည်းကာကျောက် စိမ်းရရှိရေး၊
ဘိန်းများဝယ်ယူ စုဆောင်းရေးများ ပြုလုပ် ခဲ့ကြသည်။
ထို့နောက်ကေအိုင်အေ
ကမရန်ဘရန်ဆိုင်း နှင့်ဇော်မိုင်တို့ခေတ်တွင် ဘိန်းကုန် ကူးသန်းခြင်း သာမကဘိန်းအမြောက်
အများရရှိ နိုင်ရေးအတွက် မြစ်ကြီးနား နယ်မြေ၊ ဆဒုံး၊ ဆမားဒေသ၊ မိုးညှင်း၊
ဟူးကောင်းဒသ၊ ဗန်းမော်နယ်မြေ စိန်လုံ၊ လွယ်ဂျယ်၊ မန်စီ၊ မိုးမောက်ဒေသနှင့် မူဆယ်၊
လားရှိုး၊ ကျောက်မဲတို့တွင် ဘိန်းများ အတင်းအကျပ် စိုက်ပျိုးစေခဲ့သည်။ ထွက်ရှိလာသော
ဘိန်းများကိုလည်း မတန်တဆ ဈေးဖြတ်ကာအားလုံး သိမ်းကျုံးဝယ်ယူသည် ဟုသိရသည်။
ရရှိလာသည့် ဘိန်းများကို တစ်ဖက်နိုင်ငံ နိုင်ငံခြား ဆယ်သွယ်ရေး စခန်း(OKFA) သို
့ပို့ကာရောင်း ချကြသည်။ ထိုအချိန်က တစ်နှစ်လျှင် ဘိန်း၁၆တန်၊ စုစုပေါင်း တန်ဖိုးငွေ
သိန်း ၁၅၀ခန့် ရရှိသည် ဟု သိရသည်။
၁၉၈၆ ခုနှစ်ရောက်သောအခါ ဘိန်းကုန်ကူးခြင်းမှ ငွေအမြောက်အမြား ရရှိသည်ကိုမတင်းတိမ်၊ မရောင့်ရဲနိုင်သော ကေအိုင်အေခေါင်းဆောင်များသည် ဘိန်းကုန်ကူးခြင်း၊ ဘိန်းအတင်းအကျပ် စိုက်ပျိုးခြင်း သာမက ဗကပများနှင့် ပူးပေါင်းကာ မူဆယ်မြို့နယ်၊ နမ့်ဟွန်ကျေးရွာ အနီး တီးမားကျေးရွာ ၏ အရှေ့ဘက် တောတွင်းတစ်နေရာတွင် ဘိန်းချက်လုပ်သည့် စက်ရုံတစ်ရုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းစက်ရုံမှ ရရှိသမျှ ထုတ်လုပ်သော ဘိန်းဖြူများကို ထုံးစံအတိုင်း တစ်ဖက်နိုင်ငံရှိ (OKFA) စခန်းသို့ ပိုဆောင်ပြီး ရောင်းချကြသည်။ ကေအိုင်အေ စက်ရုံမှ ထုတ်လုပ်သော ဘိန်းဖြူတံဆိပ်မှာ ခြူးနှစ်ကောင် ကမ္ဘာလုံးတံဆိပ်ဖြစ်သည်။
ဘိန်းအများအပြား စိုက်ပျိုးထုတ် လုပ်သည်နှင့်အမျှ ကချင်ပြည်နယ်အတွင်း ဘိန်းစွဲသူအရေ အတွက် ကလည်း မနည်းလှ။ ၁၉၈၀ ခုနှစ်ကျွန်တော် ဆဒုံးရောက်စဉ်က ဆဒုံးမှ ဒူးဝါးကြီးပင်လျှင် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေ သည်ကိုတွေ့ခဲ့ရသည်။
ဤသို့ကချင်ပြည်နယ် လွတ်မြောက်ရေး၊ ကချင်အမျိုးသားများ ကြီးပွားတိုးတက်ရေး အတွက်ဟု လူမျိုးရေး ဗန်းပြကာ လက်နက်ကိုင်သောင်းကျန်းနေသော ကေအိုင်များ၏ လက်တွေ့လုပ်ရပ်က ကချင်အမျိုးသားများ ကောင်းစားရေးမဟုတ်။ ကချင်အမျိုးသားများအားလုံး လူညွန့်တုံးစေမည့် အလုပ်မျိုးဖြစ်နေသည် ကို သူတို့ မသိလေသ လားလို့ပင် ပြောချင်ပါသည်။

0 comments:
Post a Comment