Friday, November 30, 2012

"မုံရွာကြေးနီစီမံကိန်းမရပ်ဖို့ တရုတ်သံရုံး ပြောပြီ"

Posted by drmyochit Friday, November 30, 2012, under | No comments


မုံရွာကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ လက်ပံတောင်းတောင်ဒေသနဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ် ခဲ့ကြပြီး ရုပ်ဆိုးတဲ့ နှိမ်နင်းမှုများ လက်ပံတောင်းတောင် သပိတ်စ ခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့ တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ ကြေးနီစီမံကိန်းကို ဆက်လုပ်ပါ ဆိုတဲ့ သဘောကို အဲဒီသတင်း ထုတ်ပြန်ချက်မှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ မြန်မာလို ထုတ်ပြန်ရာမှာလည်း အဲဒီသဘောကို တွေ့ရပါတယ်။ တရုတ်သံရုံးရဲ့ မြန်မာလို ထုတ်ပြန်ချက်က အင်္ဂလိပ်လို ထုတ်ပြန်ချက်နဲ့ မနီးစပ်တဲ့ စကားလုံးတချို့ ပါဝင်နေပါတယ်။  စိတ်ဝင်စားသူများ ဖတ်နိုင်ဖို့  အတတ်နိုင်ဆုံး တိတိကျကျ ဘာသာပြန်ပေးလိုက်ပါတယ်။ သတင်းထုတ်ပြန်ချက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးဖုန်း (၉၅၁) ၂၂၁ ၂၈၀၊ ဖက်စ် (၉၅၁) ၂၂၇ ၀၁၉ မုံရွာကြေးနီတူးဖော်ရေး လုပ်ငန်း စီမံကိန်းအပေါ် သုံးသပ်ချက် တရုတ်မြန်မာ နှစ်နိုင်ငံကုမ္ပဏီများကြား ပူးပေါင်းဆောင်ရွက်သည့်  လုပ်ငန်းတခုဖြစ်သော မုံရွာကြေးနီ တူးဖော်ရေး လုပ်ငန်းစီမံချက်သည်  နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။  စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော နေရာရွှေ့ပြောင်းမှု၊ လျော်ကြေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊  အကျိုးအမြတ် ခွဲဝေရေး စသည်တို့ကို  နှစ်ဘက် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ပါသည်၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါသည်။ စီမံကိန်း အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက်  မြန်မာပြည်မှ လူမှုအလွှာအသီးသီးက မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်လျော်သော အခြေအနေတခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
(ဧရာဝတီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်