Friday, November 30, 2012

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Posted by drmyochit Friday, November 30, 2012, under | No comments


သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။
အဆိုပါ ဂြိုဟ်တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိလင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊ အာရှ အလယ်ပိုင်းနှင့် သြစတြေးလျ ဒေသများ အတွင်း broadband အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ် ရေးနှင့် ရုပ်သံ ထုတ်လွှင့်ရေး ဝန်ဆောင်မှုများ အပါအဝင် ဆက်သွယ်ရေး လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် ဝန်ဆောင်မှု ပေးအပ်နိုင်မည် ဖြစ်ကြောင်း Supreme SAT ကုမ္ပဏီက ပြောကြားသည်။ Supreme SAT-1 ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်နိုင်ခြင်းကြောင့် သီရိလင်္ကာ နိုင်ငံသည် ဆက်သွယ်ရေး ဂြိုဟ်တု ပိုင်ဆိုင်သည့် ၄၅ နိုင်ငံမြောက် နိုင်ငံ ဖြစ်လာ ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံ တို့ပြီးလျှင် သီရိလင်္ကာ နိုင်ငံသည် တောင်အာရှ နိုင်ငံများ အတွင်း ဂြိုဟ်တု လွှတ်တင် နိုင်ခဲ့သည့် တတိယ မြောက် နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဂြိုဟ်တုကို ခန့်မှန်းခြေ အားဖြင့် ကမ္ဘာမြေ မျက်နှာပြင် အထက် ကီလို မီတာ ၃၆ဝဝဝ အကွာ ၈၇ ဒသမ ၅ ဒီဂရီ အရှေ့ဘက်တွင် ကမ္ဘာတည် နေရာ အတိုင်း ရွေ့လျားနေ သည့် ဂြိုဟ်တု ပတ်လမ်း တစ်ခုအတွင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်