Friday, November 30, 2012

လက်ပန်းတောင်းသပိတ်စခန်းဖြိုခွဲရာမှာ မီးလောင်ဗုံး အသုံးပြုခြင်းမရှိ

Posted by drmyochit Friday, November 30, 2012, under | No comments


နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေသည့် သပိတ်စခန်းများကို ဖြိုခွဲရာတွင် ဓာတုဗေဒဗုံးနှင့် မီးလောင်ဗုံးများ အသုံးပြုခဲ့ခြင်း မရှိဘဲ၊ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်များကို နှိမ်နှင်းရာတွင် အသုံးပြုသည့် သာမန် မျက်ရည်ယိုဗုံး ကိုသာ အသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက RFA နှင့်ဆက် သွယ်မေးမြန်းချက်တွင် ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်း သပိတ်စခန်းများကို ဖြိုဖျက်ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် မဟုတ်ဘဲ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားချက်သာ ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ဖြေကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက RFA သို့ဖြေကြားရာတွင် နိုဝင်ဘာ ၂၉ ရက်မနက်က သပိတ်စခန်းဖြိုခွင်းရာတွင် ဖမ်းဆီးခဲ့သည့် သံဃာတော်များကိုလည်း ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။

 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်