Friday, November 30, 2012

KIA ရဲ့ မိုင်းကြောင့် ပြည်သူလူထုသာမက သံဃာတော်တွေပါ ဒဏ်ရာရနေကြလို့ ဒေသတွင်း စိုးရိမ်လျက်ရှိ

Posted by drmyochit Friday, November 30, 2012, under | No comments


      နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ရွှေကူမြို့နယ် ၊ မြို့လှမြို့နယ်ခွဲ ၊ အမတ်ကြီးကုန်း ကျေးရွာအုပ်စု၊ ရွှေငြိမ်းချမ်း ကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဇနနဲ့ ရွာသား (၃) ဦးတို့အား မြို့လှမြို့နယ်ခွဲမှာ ပြုလုပ်တဲ့ စုပေါင်း ဘုံကထိန်ကို ဆိုင်ကယ်နဲ့အသွားမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဆရာတော်နဲ့ ရွာသား တစ်ဦးဒဏ်ရာရရှိခဲ့ ပါတယ်။
           ဒါ့အပြင် နိုဝင်ဘာလ (၅) ရက်နေ့မှာ ကာမိုင်းမြို့နယ်၊ ကပ်မှော်ဇွပ် ကျေးရွာမှာနေတဲ့ ဦးလဂျာနဲ့ ဒေါ်ထုနန်တို့ (၂) ဦးဟာ သူတို့ပိုင်တဲ့ ဒညင်းခြံသွားရောက်ရှင်းလင်းရာမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခန္ဓာကိုယ်အနှံ့ အပြားဒဏ်ရာ ရရှိတဲ့အတွက် ဒေသခံများအနေနဲ့ မိမိတို့ပိုင်တဲ့ လယ်နဲ့ခြံတွေကို သွားဖို့တောင် မရဲကြတော့ဘူး လို့ ဆိုပါတယ်။
        အပြစ်မဲ့ပြည်သူတွေအပြင် သံဃာတော်တွေပါ လမ်းကြောင်းမှာ မိုင်းနင်းမိပြီး ဒဏ်ရာရကြတဲ့အတွက် ပြည်သူများ အနေနဲ့ KIA ရဲ့လုပ်ရပ်များနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း  သိရှိရပါတယ်။ ကမ္ဘာနှင့်တ၀ှမ်း မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထား ဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာတော့ KIA ထောင်ထားတဲ့ မြေမြှုပ်မိုင်းများကြောင့် ရဟန်းရှင်လူ ပြည်သူအများ နေ့စဉ်ဆိုသလို ထိခိုက်ဒဏ်ရာ ရမှုများဖြစ်ပေါ်နေလို့ ဒေသခံများ ၊ တိုင်းရင်းသား အဖွဲ့အစည်းများ သာမက နိုင်ငံတကာကပါ KIA အဖွဲ့အပေါ် အာရုံစူးစိုက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်