Friday, November 30, 2012

မောင်တော မြို့နယ် ကျေးရွာများ၌ နယ်မြေခံ ဆေးတပ်ဖွဲ့ ဝင်များက ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်

Posted by drmyochit Friday, November 30, 2012, under | No comments



အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၆ရက် မွန်းလွဲပိုင်းက
 ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာ မူလတန်း ကျောင်း၌ နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး နေမှု အခြေအနေကို အားပေး ကြည့် ရှုပြီး ဒေသခံ တိုင်းရင်းသားများနှင့် အခြေခံပညာ မူလတန်းကျောင်းအတွက် ထောက်ပံ့ရေး ပစ္စည်း များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ မောင်တော မြို့နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား ကျေးရွာ များတွင် နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၅ဝ၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေး ပညာပေး သရုပ် ပြသ ခြင်းများ ကိုလည်း ဆောင်ရွက် ပေးခဲ့ကြသည်။ ဆက်လက်၍ နိုဝင်ဘာ ၂၇ ရက်က မောင်တော မြို့နယ် ရွှေရင်အေး ကျေးရွာနှင့် သရေကုန်း ဘောင်ကျေးရွာ များရှိ မီးလောင် ပျက်စီး ခဲ့သည့် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများကို နယ်မြေခံ တပ်မတော် သားများက အသစ် ပြန် လည် တည်ဆောက် နေမှုကို ကြည့်ရှု အားပေး ပြီး ကျောင်းထိုင် ဆရာတော် များကို နဝကမ္မ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်