Friday, November 30, 2012

နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်သမ္မတ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ် မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုတိုးမြှင့်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဇနီးဒေါ် လင်းလင်းတင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ ဇနီး ဒေါက်တာခင်ဆွေမြင့်၊ ဗီယက်နမ်သံအမတ်ကြီး၏ ဇနီး ဒေါ်ဖြူဖြူထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ် သမ္မတ၏ ဇနီးမဒမ် မိုင်သီဟိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၏ဇနီး Mrs. Le thi Vav လည်း တက်ရောက်ကြသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်