Friday, November 30, 2012

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း

Posted by drmyochit Friday, November 30, 2012, under | No comments


သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေး အဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော် များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်း သာအောင်နေ ကြပါ " ဟု မိန့်ကြားသွားခဲ့သည်။ အဆိုပါ ဆေးရုံကြီးတွင် သဃာတော် ၂၆ ပါးနှင့် အမျိုးသားတစ်ဦး ဆေးကုသမှု ခံယူနေပြီး မီးလောင်ဒဏ်ရာ များဖြစ်ကြောင်းကို ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားထားသည်။ "ဒဏ်ရာဆေးတဲ့အခါမှာ အက်ဆက်နံ့ မရဘူး ၊ဒဏ်ရာတွေကတော့ မီးလောင်ဒဏ်ရာတွေ ၊ မျက်စိထိခိုက်တဲ့ သံဃာတော်အနေနဲ့ အမြင်မထိခိုက်နိုင်ဘူးလို့ မျက်စိအထူးကု ဆရာဝန်ကြီး က ပြောထားပါတယ်"ဟု မုံရွာ ပြည်သူ့ဆေး ရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထွဋ် က ပြော သည်။ လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့မှ လှူဒါန်းငွေများကို သံဃာတော်များအတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကော်မတီများ ဖွဲ့စည်းပြီင်္းလုပ်ဆောင်သွားမည်ဟု သိရသည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်