Friday, November 30, 2012

မီးလောင် ဒဏ်ရာရသူများအား ပြည်ခိုင်းဖြိုးပါတီမှ ထောက်ပံ့ကြေးပေးအပ်

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့် သည် (၁၀-၁၁-၂၀၁၂) နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ကန့်ဘလူမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆီတွဲရထား တိမ်းမှောက် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ကြသော မီးဘေးသင့်လူနာ (၈၃)ဦးအား လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် (၅)သောင်းနှုန်းဖြင့် စုစုပေါင်း (၄၁.၅) သိန်းအား တစ်ဦးချင်းစီသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေး စကားပြောကြား ခဲ့ပါသည်။ ဆက်လက်၍ နံနက် (၁၀း၀၀) နာရီတွင် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့သည် ချပ်ကြီးကျေးရွာသို့ သွားရောက်၍ ချပ်ကြီးကျေးရွာမှ မီးဘေးသင့် သေဆုံးခဲ့သူ (၂၉) ဦး၏ ကျန်ရစ်သူ မိသားစုများအား တစ်ဦးလျှင် ကျပ် (၁) သိန်းနှုန်း ဖြင့်လည်းကောင်း၊ ချပ်သင်းဆေးရုံရှိ ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့်လည်းကောင်း  အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကာ အားပေးစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်