Friday, November 30, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခေတ္တ တည်းခိုသည့် ရွှေနန်းတော် ဟိုတယ်မှ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ အိမ်တော်ရှေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် အလေးပြုခံစင်မြင့်သို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။
ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တို့၏  နိုင်ငံတော် သီချင်းများကို  ဂုဏ်ပြုတီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
 ထို့နောက် နိုင်ငံတော်သမ္မတအား ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတက ၎င်းနှင့်အတူ လိုက်ပါလာသည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတကလည်း ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည့်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးဝင်းရှိန်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသက်ဦးတို့အား  ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်