Thursday, September 27, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၀န်ကြီးချုပ်ယင်လပ် နှင့် နယူးယောက်တွင် တွေ့ဆုံမည်ဟုဆို

Posted by drmyochit Thursday, September 27, 2012, under | No comments


From : hot news


 

(၆၇)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သို့တက်ရောက်ရန်အတွက် ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် စက်တင်ဘာ ၂၅ ရက်နေ့ တွင် နယူးယောက်သို့ ရောက်ရှိ သည်။ အစီအစဉ်အရ နိုင်ငံတော် သမ္မတကြီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ တွင် အီရန်သမ္မတ အာမက်ဒီနီ ဂျက်၊ အီဂျစ်သမ္မတမော်စီတို့ မိန့် ခွန်းပြောကြားကြမည်ဟု သိရ သည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်နှင့် နယူး ယောက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ကြမည်ဟု ဆိုသည်။
မစ္စယင်လပ်သည် ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် နှစ် ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ အီတာ လီယန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရှိပြီး စက်မှုဇုန်ဧရိယာ အကျယ် အ၀န်းမှာ စတုရန်းကီလိုမီတာ ၂၀၀ ကျယ်ပြီး စီမံကိန်းတစ်ခုလုံး အတွက် ကုန်ကျမည့်ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ၅၈ ဘီ လီယံ ခန့်ကုန်ကျမည်ဖြစ်ကြောင်း နေးရှင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်