Thursday, September 27, 2012

လျှပ်စစ်ဝါယာကြိုးအား Network ကြိုးသဖွယ် အသုံးချနိုင်သည့် Adapotor ဈေးကွက်အတွင်း ဝင်ရောက်လာ

Posted by drmyochit Thursday, September 27, 2012, under | No comments


NETWORK  ကြိုးများတပ်ဆင်ရန် အကြောင်းအမျိုးမျိုး ကြောင့်ခက်ခဲ နေသောနေရာ၊ အဆောက်အအုံများတွင် NETWORK အား ကြိုးချည်း သတ်သတ်မှတ်မှတ်မပြေးဘဲ နဂိုရှိရင်းစွဲ တပ်ဆင်ထားသော အိမ်သုံးလျှပ်စစ်မီးကြိုး အား Network ကြိုးသဖွယ်ပြောင်းလဲအသုံးပြုနိုင်မည့် Adapotor တစ်မျိုးနေပြည်တော်ဈေးကွက်အတွင်း ဝင်ရောက် လာကြောင်း သိရသည်။

အဆိုပါ Adapotor အမျိုးအစားမှာ TP-Link အမျိုး အစားဖြစ်ပြီး တရုတ်နိုင်ငံက ပြုလုပ်ကြောင်းသိရပြီး အရှိန်နှုန်း 200 Mbps အထိ လွှင့်ထုတ်ပေးနိုင်သည်။ အဆောက်အအုံနှင့် Network တပ်ဆင်မည့် နေရာတို့တွင် အကြောင်းအမျိုးမျိုး တို့ကြောင့် အခက်အခဲရှိခြင်း၊ အရေးပေါ် Network ကြိုး တပ်ဆင်ခြင်းတို့အတွက် လွန်စွာ အရေးပါသော Adapotor တစ်မျိုးဖြစ်ကြောင်း သိရသည်။
အသုံးပြုပုံမှာ မီတာတစ်လုံးတည်း အသုံးပြုသည့် Internal Wiring Back Bone တစ်ခုတည်းမှာပင်ရှိသော မည်သည့် အိမ်သုံး 180V-250 V လျှပ်စစ် ပလပ်ပေါက်မဆို အဆိုပါ Adapotor ကို တပ်ဆင်ခြင်းဖြင့် ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်နိုင်သော Network အား အလွယ်တကူရရှိနိုင် ပြီဖြစ်ကြောင်း၊ Adapotor တစ်ခုနှင့်တစ်ခုအကြား ကိုက် ၁ဝဝ အထိ ဆွဲအားကောင်းမွန်စွာ ပါရှိကြောင်းနှင့် Network ကြိုး တပ်ဆင်ရာတွင် ပြုလုပ်ရသော နံရံများ ဖောက်ပစ်ရခြင်း၊ ကြမ်းခင်းများ ဖောက်ပစ်ရခြင်းတို့ မလိုအပ်ကြောင်း သိရသည်။






0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်