Thursday, September 27, 2012

နှစ်မျိုးတက်တဲ့ KIA

Posted by drmyochit Thursday, September 27, 2012, under | No comments



တနိုင်းမြို့နဲ့ ပက်ဝန်းကျင်မှာ အစာရေစာရှားပါးနေပြီး ဆန်ဈေး တွေ အဆမတန် တက်နေကြောင်းနဲ့ ဆန်တစ်အိတ်လျှင် (၇၀၀၀၀ ခုနှစ်သောင်းကျပ် အထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးတွေအဆမတန် တက်နေရတဲ့အကြောင်းကတော့ မြစ်ကြီးနား - တနိုင်း ကားလမ်းပေါ်တွေမှာ ဗွက်တန်းတွေဖြစ်နေလို့ သွားလာမှုခက်ခဲခြင်း ၊ KIA မှ လမ်းပေါ်တွင်ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ခြင်း ၊
တိုက်ပွဲများဖြစ်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောနေကြပါတယ်။
(၂၄) ရက်နေ့တွင် ဒွန်ဘုံခ အနီး မြစ်ကြီးနား - တနိုင်း ကာလမ်းပေါ်၌ ဗွက်တန်းများဖြစ်နေလို့ လမ်းပြင်နေတဲ့  ယုဇနကုမ္ပဏီက အင်ဂျင်နီယာကို KIA တပ်မဟာ (၂) တပ်ရင်း (၁၄) က လမ်းမပြင်ဖို့ တားခဲ့တယ်လို့လည်းသိရပါတယ်။ ထိုသို့ ဆန်ဈေးများ အဆမတန်တက်၍ အစာရေစာ ရှားပါးနေမှုမှာ KIA မှ စစ်ရေးကို အကြောင်းပြ၍ လမ်းပန်းဆက်သွယ်ရေးအား ဖျက်ဆီးခြင်း ၊ လမ်းများအား ပိတ်ဆို့ထားခြင်း ၊ လမ်းပေါ်တွင် မိုင်းထောင်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း တနိုင်းမြို့ခံတစ်ဦးက KIA အားစွပ်စွဲပြောဆိုပါတယ်။
“ KIA  လုပ်နေတာတွေက ပြောတော့ ကချင်လူထုအတွက်ဆိုပြီး လက်ရှိလုပ်နေတာတွေကတော့ ကချင်တွေ ငတ်သေအောင် လုပ်နေသလိုဘဲ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ” ဟု KDN ကိုပြောပါတယ်။

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်