Thursday, September 27, 2012

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင် ၅၀ လျှင် လူနာတင်ယာဉ်စခန်းတစ်ခု ထားရှိရန် စီစဉ်

Posted by drmyochit Thursday, September 27, 2012, under | No comments





ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင် ၅၀ လျှင် လုံခြုံရေးစခန်း တစ်ခုနှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းချုပ်နှင့် ပူးပေါင်း၍ လူနာတင်ယာဉ်စခန်း ထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် သြစတြေးလျနိုင်ငံ College of Emergency Medical မှ အဖွဲ့များနှင့် ပူးပေါင်း၍ Accidence Emergency ကို သီးခြားဘာသာရပ် တစ်ခုအနေဖြင့် အရေးပေါ် လူနာတင်ယာဉ်တွင် လိုက်ပါမည့်သူများကို လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ လူနာတင်ယာဉ် ယာဉ်မောင်းများကိုလည်း နိုင်ငံ တကာအဆင့်မီ ရှေးဦးသူနာပြုစု စောင့်ရှောက်နည်းများ တတ်ကျွမ်းအောင် လေ့ကျင့် သင်ကြား ပေးရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။ ဆေးရုံမရောက်မီကာလ အရေး ပေါ်လူနာ ကယ်တင်ပို့ဆောင်ရေးသည် အရေးကြီးသော လုပ်ငန်းရပ်ဖြစ်၍ အရေးပေါ်လူနာတင်ယာဉ် ကားများ ပေါ်တွင် အသက်ကယ်တင်ရေး ပစ္စည်းများ စုံလင်စွာ ပါရှိရေးနှင့် လိုက်ပါဆောင်ရွက်မည့် ပုဂ္ဂိုလ်များကို စနစ်တကျ သင် တန်းများ ပို့ချ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်