ကချင်ပြည်နယ် ဖားကန့်မြို့ နယ်သို့ ဆက်သွယ်သွားလာရာ အဓိ ကလမ်းပိုင်းဖြစ်သော မိုးကောင်း-ဖားကန့် လမ်းတွင် ကားအသွား အလာကိုပိတ်ပင်လိုက်ကြောင်း သတင်း ရရှိပါသည်။ "မိုးကောင်းကနေ ရှစ်မိုင် လောက်ဝေးတဲ့ ရှစ်မိုင်လမ်းဆုံမှာ တပ်မတော်က အတက်ကားတွေကို ပိတ်လိုက် တယ်၊ ဖားကန့်ကနေ ၁၀ မိုင်ဝေးတဲ့ နန့်တိန်မှာ ကေအိုင်အေ က အဆင်းကားတွေကို ပိတ်လိုက် တယ်လို့ သိရပါတယ်" ဟု ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင် ခဲ့ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။ အဆိုပါတိုက်ပွဲများ ဖြစ်ပွားမှု ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ် များတွင် ဒေသခံများသည် နေရပ် မှ တိမ်းရှောင်ရမှု များရှိနေသည်။ ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းများ အဓိက လုပ်ကိုင်ရာ စီး ပွားရေးမြို့ဖြစ်သည့် ဖားကန့်မြို့ နယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ က တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ် ဩဂုတ်လကုန် ပိုင်းတွင် တပ်မတော်နှင့် ကေအိုင် အေတို့အကြား တိုက်ပွဲများပြန်လည် ဖြစ်ပွား လာကာ စက်တင်ဘာလကုန် ပိုင်းရောက်ရှိသည်အထိ နယ်မြေအ ခြေအနေ အေးချမ်းမှုမရှိသေး ကြောင်းဒေသခံများထံမှ သိရှိရပါ သည်။ ဖားကန့်ဒေသတွင် ယခင်က လူဦးရေ သုံးသိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်းအောက်သာ ကျန်ရှိနေကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၁၀ဝ၀ဝ ဝန်းကျင်ခိုလှုံလျက်ရှိကာ လူမှုရေး အကူ အညီများ လိုအပ်နေကြောင်း သိရသည်။
From: ကချင်နေ့စဉ်သတင်း
Time in Rangoon

0 comments:
Post a Comment