Thursday, September 27, 2012

ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ဗဟိုညီလာခံ ကျင်းပမည်

Posted by drmyochit Thursday, September 27, 2012, under | No comments





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံကို အောက်တိုဘာလ ဒုတိယပတ်၌ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုအချိန်တွင် ပါတီညီလာခံများကို မြို့နယ်အဆင့် ကျင်း ပ နေပြီဖြစ်ပြီး ပြည်နယ်/တိုင်းအဆင့် ညီလာခံများကို အောက်တိုဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဗဟိုညီလာခံတွင် ပါတီဖွဲ့စည်းပုံကို ပြန်လည်အတည်ပြုမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို တစ်ဦးချင်း ပြန်လည်ရွေးချယ်ပြီး ခန့်အပ်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သိန်းလင်းက ပြောသည်။ ထို့ပြင် ပါတီက လုပ်ဆောင်ခဲ့သည့် အလုပ်များကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း၊ ပါတီညီလာခံကိုလည်း ငါးနှစ်တစ်ကြိမ် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ယှဉ်ပြိုင်ဘက် ပါတီဟု ဆိုနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ပါတီဗဟိုညီလာခံကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ် နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သတင်းရရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ရပ်ကွက် ကျေးရွာအဆင့် ပါတီညီလာခံများကို စက်တင်ဘာလ ၁၉ ရက်မှစ၍ စတင်ကျင်းပခွင့် ပြုလိုက်ပြီဖြစ်၍ အဆင့်ဆင့် ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ပြည်နယ်/တိုင်းအဆင့် ညီလာခံ၊ဗဟိုညီလာခံတို့ကိုဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်တွင် အမတ်နေရာ အများဆုံး ရရှိထားသော အာဏာရပါတီတစ်ခု ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ပြန် လည်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သည် လာမည့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီ၏ အဓိက ယှဉ်ပြိုင်ဘက် ပါတီတစ်ခု ဖြစ်လာမည်ဟု ပြည်သူများ ယူဆကြကြောင်း သိရှိရသည်။
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်