Thursday, June 27, 2013

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ ရိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

Posted by drmyochit Thursday, June 27, 2013, under | No comments

မုံရွာ ၊ ဇွန် ၂၆

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာလမ်းရှိ ရွှေမင်းသမီးအမျိုးသမီးဘော်ဒါဆောင်ရှေ့တွင် ယခုလ (၂၅)ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ဂစ်တာတီးခတ်နေသော ကျောင်းသားလူငယ်တစ်စုနှင့် ဆိုင်ကယ် စီးနင်း လာသော လူငယ်အုပ်စု တစ်အုပ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မှ လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနပိုင်မှတ်တမ်းများမှ ဖော်ပြထားကြောင်း သိရှိရသည်။

အဆိုပါ မှတ်တမ်းများတွင် သလ္လာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းရှိမောင်အောင်မျိုး၊ မောင်ထွန်းလင်း အောင်၊ မောင်ဇော်ဖြိုးအောင်၊ မောင်ဇင်မင်းအောင်၊ မောင်အောင်ဝိုင်းချစ်သူ၊ မောင်ဝေဖြိုး၊ မောင်ရဲရင့်အောင်(ခ) ဖိုးခွား ဆိုသူ သူငယ်ချင်းတစ်စုမှ ၎င်း အဆောင်ရှေ့တွင် ၀ိုင်းဖွဲ့၍ ဂီတာတီးနေစဉ် ဆိုင်ကယ်လေးစီးနှင့် အမည်မ သိလူဆယ်ယောက်ခန့် ရောက်ရှိလာပြီး စကားများရန်ဖြစ်ရာမှ လူဆယ်ဦးခန့်က အသင့်ယူဆောင်လာသော သစ် သားချောင်းများဖြင့် ရိုက်နှက်သတ်ပုတ်ရာ ဂီတာတီးနေသူများအနက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်း ဖြစ်စဉ်တွင် သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်းဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင်ပညာသင်းယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

“ မောင်ရန်ပိုင်ထွန်း နဲ့ မောင်ရဲရင့်အောင် ဆိုသူနှစ်ယောက်ကတော့ ပွန်းပဲ့နာကျင်ဒဏ်ရာများပဲ ရရှိခဲ့ပါတယ်” ဟု ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသူ အကြီးတန်းရဲအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂)ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုရေးဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း (ဖေ့စ်ဘုတ်)
From: Thit Htoo Lwin

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်