Thursday, June 27, 2013

Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲ

Posted by drmyochit Thursday, June 27, 2013, under | No comments

ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသော အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ၏ ကြေညာ ချက်နှင့် ပတ်သက်၍ Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား ဇွန် ၂၅ ရက်တွင် အမှုနှစ် ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Father Land ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား အသရေဖျက်မှု အမှုတွဲ ၃၉/၂၀၁၃၊ မူလစာချုပ် ဖျက်သိမ်းစေ လိုမှု အမှုတွဲ ၄၀/၂၀၁၃ တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲထားခြင်း ဖြစ်သည်။

ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ ဆုထူးပန် တာဝါဆောက် ရန် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့အကြား အငြင်းပွားမှု ပြဿနာများ ပေါ်ပေါက်ခဲ့ရပြီး နှစ်ဖက်စလုံးမှ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သတင်းမီဒီယာများကို ရှင်းလင်း မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိစေရန်နှင့် အများပြည်သူ သိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက Father Land ကုမ္ပဏီအား အသရေ ဖျက်စေရန် ရည်ရွယ်သည်ဟုဆိုကာ ဇွန် ၂၅ ရက်တွင် Father Land ကုမ္ပဏီမှ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်ဝါ၀ါဝင်းရွှေ၏ ကြေညာချက်အပေါ် ပြန်လည်တုံ့ပြန် ရှင်းလင်းသတိပေး ကြေညာချက်ကို Father Land ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဒေါ်ဝါ၀ါဝင်းရွှေ ဘက်မှလည်း ယခုတရားစွဲဆိုခြင်း အပေါ်တွင် ဥပဒေကြောင်းအရ ဆက်သွားမည်ဖြစ်ကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ၏ မိသားစုဝင် တစ်ဦးက ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်