Thursday, June 27, 2013

မိကျောင်းကန် မြေသိမ်းခံရသူများ ငါးကြိမ်မြောက် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, June 27, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၇။

၁၉၉၁ခုနှစ်က တပ်မ(၂၂)မှ မတရားသိမ်းယူသွားသော သဃန်းကျွန်းမြို့ နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ များမှာ ဗိုလ်ချုပ် အောင်ဆန်း ၃နှစ်သားအရွယ်ကတည်းက အခွန်ဆောင်၍နေထိုင်ခဲ့သော မြေများဖြစ်ကြောင်း ကြွေးကျော်ကာ အဆိုပါမြေနေရာများတွင် နေ ထိုင်ခဲ့သော မြေပိုင်ရှင်များမှ မြေကွက် များပြန်လည်ရရှိရေးအတွက် ယနေ့ မနက် ၁၁နာရီခွဲခန့်မှ စတင်ကာ ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် လူအင် အား ၃၀၀ကျော်ခန့်မှ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီမြေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ၃နှစ်သားအရွယ်ကတည်းက အခွန်တွေဆောင်ပြီး တရားဝင်နေ လာခဲ့တာ။ ဒါကို ၁၉၉၁ခုနှစ် မှာ တပ်မ ၂၂ ကနေပြီးတော့ မတရား သိမ်းပိုက် တာကို ခံခဲ့ရတယ်။ ကျွန်တော်တို့မှာ ပြောင်းရွှေ့ပေးခဲ့ရတယ်။ ကလေးတွေမှာလည်း ပညာရေး တစ်ပိုင်း တစ်စတွေ နဲ့ ဖြစ်ခဲ့ရသလို၊ မြွေ၊ငှက်ဖျားပေါတဲ့ နေရာတွေကို ပြောင်းခဲ့ရလို့ ကျန်းမာရေးထိခိုက်ပြီး မသေသင့်ပဲ သေခဲ့ရ တဲ့လူတွေ လည်း အများကြီးရှိတယ်။” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောကြားသည်။

၁၉၉၁ခုနှစ်တွင် တပ်မ ၂၂မှတပ်ပိုင်မြေအဖြစ်သိမ်းယူပြီးနောက် တဲပေါ်မှ တိုက်ပေါ်ရောက်အောင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံ ဌာနများနှင့် သတင်းစာများမှကြေညာကာ ဣစိတံ တိုက်ခန်း များတွင် နေရာပြန်လည်ချထားပေးမည်ဖြစ်ကြောင်း၊ တိုက်ခန်းမလိုချင်ပါက လျော် ကြေးငွေ ၅သိန်းပေး မည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မြေပိုင်ရှင်များထဲမှ အချို့သာလျှင် တိုက်ခန်းနှင့် လျော်ကြေးငွေ ရရှိခဲ့ကြောင်း၊ မြေအစားထိုးပြန်ပေးသည်ဆိုကာ ငွေကျပ် ၄၈၀၀ဖြင့် ပေ ၂၀ ပတ်လည် မြေကွက်များကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့ နယ်များတွင် ရောင်းချခဲ့သဖြင့် ငွေကြေး တတ်နိုင်သူ အချို့သာလျှင် ထိုနေရာများတွင် မြေ၀ယ်၍ နေထိုင်ခဲ့ရကြောင်း၊ ငွေကြေးမတတ်နိုင် သူများမှာ ပဲခူးမြို့ အစပ်သို့ ရွှေ့ပြောင်းခြင်းခံခဲ့ရကြောင်း သိရသည်။

“ကျွန်မတို့အစ်မတွေဆိုရင် ဟိုပြောင်းဒီပြောင်းနဲ့ အဲ့ဒီနှစ်က ကျောင်းနားလိုက်ရတယ်။ ကျွန်မတို့က တောင်ဥက္ကလာမှာ ငွေ ၄၈၀၀ ပေးပြီး မြေကွက် ပြန်ဝယ်ပြီး နေခဲ့ရတာပါ။ ပဲခူး အစပ်၇ှိ အေးမြသယာ၊အေးသုခ မြေနေရာတွေကိုအပို့ခံရတဲ့သူတွေဆို အဲ့ဒီမြေနေရာက ငှက်ဖျား၊တို့ မြွေတို့ပေါတယ်။ ငှက်ဖျားဖြစ်ပြီး သေတဲ့သူတွေနဲ့ မြွေကိုက်လို့သေတဲ့သူတွေနဲ့ အကုန်လုံးဒုက္ခေ၇ာက်ခဲ့ရတယ်။”ဟု ဒုတိယနှစ်ကျောင်းသူ မနေနွယ်ဝင်းကပြောသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေနေရာများပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခြင်းမှာ ယခုအကြိမ်သည် ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။

ဆုဝေ
မြန်မာ့ခေတ်






0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်