Thursday, June 27, 2013

တိုင်း(မ်) မဂ္ဂဇင်း ဖြန့်ချိခွင့် ပိတ်ပင်မှုနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်

Posted by drmyochit Thursday, June 27, 2013, under | No comments

ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ရေးသားထားတဲ့ တိုင်း(မ်) မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွားပြီးဖြစ်စေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေမပြုလုပ်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့ ညမှာ ကြေညာချက် ထုတ်ပြန် လိုက်ပါ တယ်။

တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ဖို့ ဇူလိုင် ၁ ရက်နေ့ ထုတ်ဝေဖြန့်ချိမယ့် တိုင်း(မ်)မဂ္ဂဇင်း အတွဲ ၁၈၂၊ အမှတ် ၁ ကို ထုတ်၊ ရောင်းနဲ့ ဖြန့်ချိတာတွေ မလုပ်ဖို့ ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံးကလည်း ဇွန် ၂၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှင်ဝီရသူ မျက်နှာဖုံးပါ တိုင်း(မ်) မဂ္ဂဇင်းကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေ မပြုလုပ်ဖို့ ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး သမ္မတရဲ့ပြောခွင့်ရသူ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

From:DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်