Tuesday, September 03, 2013

ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင်

Posted by drmyochit Tuesday, September 03, 2013, under | No comments


Myanmar Forward စာဖတ်ပရိသတ် အတွက် ကျန်းမာရေး ဆိုင်ရာမေး၊ဖြေများ အကြောင်းကို ဖော်ပြ   လိုက်ပါတယ်။

မေး     ။        ။        ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင် ဘာလုပ်သင့်လဲ ဆရာ။  
   
ဖြေ     ။        ။        မျက်စိ အနားပေးပါ၊ မိနစ် အနည်းငယ်ကြာ မျက်စိကို ပိတ်(မှိတ်)ထားပါ။ လည်ပင်းနဲ့ ခေါင်းကို မိနစ် အနည်းငယ်ကြာ လေ့ကျင့်ခန်း လုပ်ပေးပါ။ သွေးပူ လေ့ကျင့်ခန်း လုပ်တာဟာ အကြောတက် တာကို သက်သာ စေပါတယ်။

မေး     ။        ။        ခြေထိပ်၊ လက်ထိပ် ကျဉ်လာရင် ဘာလုပ် ရမလဲဆရာ။

ဖြေ     ။        ။        ခြေထိပ်၊ လက်ထိပ်ကျဉ်တာ ရောဂါအခံ ရှိသူကလွဲပြီး ဖြစ်နိုင်ခြေ ရှိတာက အာရုံကြော အားနည်းလို့ပါ။ ခန္ဓာကိုယ်မှာ ဘီဝမ်းဓာတ် ချို့တဲ့လာရင်  ထုံ၊ ကျဉ်၊ ကြွက်တက် တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးမွေးပြီးစ မိခင်တွေမှာ ဖြစ်လေ့ ရှိတယ်။ အရက် သောက်သုံးသူ တွေမှာလည်း ဖြစ်တတ်တယ်။ ဒီလို လက္ခဏာတွေ ပြရင် ဘီဝမ်း ချို့တဲ့မှုကြောင့် ဖြစ်ပြီး၊ ကယ်လ်စီယမ် ဘီဝမ်းဓာတ်ပါတဲ့ ပဲပင်ပေါက်၊ ပဲပြား၊ အုန်းစိမ်းရည်၊ဆန်လုံးညို စတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

မေး     ။        ။        လိပ်ခေါင်းကြောင့် သွေးထွက်များရင် ဘာလုပ် သင့်သလဲဆရာ။

ဖြေ     ။        ။        ဝမ်းချုပ်တာများပြီး၊ လိပ်ခေါင်း ထွက်ရာကနေ ပိုဆိုးပြီး သွေးပါ လာရင် သတိထားသင့်ပြီ။ လိပ်ခေါင်းသွေး ပါလာပြီဆိုရင် သွေးအား နည်းတာပါ ဖြစ်လာနိုင်တယ်။ အသက်ကြီးတဲ့ လူတွေဆိုရင် မူးဝေတာပါ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လိပ်ခေါင်းရှိသူတွေ ဝမ်းချုပ်တာမျိုး မဖြစ်အောင် ဂရုစိုက်သင့်တယ်။ အရက်၊ ဘီယာ သောက်တာများရင် နဂိုလိပ်ခေါင်း ရှိသူတွေမှာ ရုတ်တရက် ဝမ်းသွားရင် သွေးပါ ပါလာတတ်တယ်။ အခုလို မဖြစ်အောင် အရက် အလွန်အကျွံ သောက်တာ ရှောင်သင့်တယ်။ ဒါ့အပြင် ဝမ်းပျော့ စေမယ့် အစာစားပြီး ရေအိမ်ထဲမှာ ကြာကြာထိုင်တာကို ရှောင်သင့်တယ်။

မေး     ။        ။        ရောဂါအခံ ရှိသူတွေ ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ်ဝန်တား ဆေး မသောက်သင့်တာ ဘာကြောင့်လဲ။

ဖြေ  ။   ။   နှလုံးသွေးကြောကျဉ်း ရောဂါအခံ ရှိသူ၊ အသည်းရောဂါဖြစ်သူ အဲဒီလို လူမျိုးတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲ  တား ဆေးမသောက်သင့်ဘူး။ တားဆေးတွေကြောင့် သွေးပြန်ကြော ပိတ်တာ၊ သွေးခဲတာတွေ ဖြစ်တတ် သလို  နှလုံး သွေးကြော ကျဉ်း ရောဂါ နဲ့ နှလုံးသွေးကြောပိတ် ရောဂါလည်း ဖြစ်တတ်တယ်။ တားဆေးကို နှစ်ရှည်လများ သောက်ရင်လည်း အန္တရာယ် ရှိနိုင်တယ်။ ရေရှည် သောက်နေရင် ကင်ဆာ အလုံးအကျိတ်တွေ ထွက်လာ တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ တားဆေးကို ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးဆိုင် ကနေ ဝယ် သောက်တာမျိုး မလုပ်ဘဲ၊ တတ်ကျွမ်းတဲ့ ဆရာဝန်ထံ မိမိဖြစ်နေတဲ့ ရောဂါ အကြောင်းကို တိုင်ပင်ပြီး သုံးသင့်တယ်။

မေး     ။        ။        မိုးရာသီမှာ ပင်လယ်စာ ဘာလို့ သတိထား စားသုံး သင့်သလဲ ဆရာ။

ဖြေ ။  ။  မိုးရာသီမှာ ပင်လယ်စာ အစားများရင် အသက်ကြီးပိုင်းနဲ့ ကလေး တွေ အစာ အဆိပ်သင့်သလိုမျိုး ခံစားရတယ်။ ပူလိုက်၊ အေးလိုက်၊ ခြောက်လိုက်၊ စိုလိုက်နဲ့ အစာအိမ်က ချက်အားမကောင်းလို့ ဗိုက်နာ၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား၊ ဝမ်းလျှောတာမျိုး ဖြစ်တတ်တယ်။ မကျက်တကျက် ချက်ပြုတ် စားသောက်လို့လည်း ဖြစ်နိုင်ပါ တယ်။ ဒါ့အပြင် ရက်လွန်ပြီး မသန့်တဲ့ ပစ္စည်း (သိုးနေတာမျိုး) ဝယ်ယူ စားသုံးမိရင်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ ကိုက်ညီ တဲ့ အစားအသောက် တွေကို ရွေးပြီး စားသင့်တယ်။

မေး     ။        ။        လူနေရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ဘာတွေ ဆင်ခြင်သင့်သလဲ ဆရာ။

ဖြေ ။  ။ လူနေများတဲ့ ရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ပတ်ဝန်းကျင် သန့်ရှင်း မှုရှိရမယ်။ အကြော်ဆိုင်၊ ထမင်းဆိုင်၊ အရက်၊ ဘီယာဆိုင်တွေနဲ့ ဝေးရမယ့်အပြင် လေကောင်းလေသန့် ရသင့်တယ်။ ရှိသင့် ရှိထိုက်တဲ့ အကျယ်အဝန်းမှာ လေဝင်လေထွက် ကောင်းကောင်း၊ အလင်းရောင် ကောင်းကောင်း ရှိရမယ်။ ဆေးခန်းသုံး ဆေးထိုးပြွန်နဲ့ အပ်၊ လူနာအတွက် သုံးပြီးဖြစ်တဲ့ ဂွမ်း၊ ပတ်တီး၊ အနာက အညစ်အကြေး တွေကို  သီးသန့် အမှိုက်ပုံး ထားပြီး မြေမြှုပ်ပစ်ခြင်း သို့မဟုတ် စနစ်တကျ စွန့်ပစ်ရမယ်။ အမှိုက်ပုံး တွေကိုလည်း  အမြဲ သန့်ရှင်း နေစေရမယ်။      ။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်