Tuesday, September 03, 2013

မမပြုံး ပြုံးစမ်းပါ ဇာတ်ကားနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့သဘောထား

Posted by drmyochit Tuesday, September 03, 2013, under | No comments


ကိုမင်းကိုနိုင်ရဲ့ဝတ္ထုမောင် သူရ(ဇာဂနာ)က ဇာတ်ညွှန်းရေးထားတဲ့ ” မမပြုံး ပြုံးစမ်းပါ” ဇာတ် လမ်းက ဇာတ်ကားအဖြစ် ၂ ကြိမ်ရိုက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ယခုတစ်ေ ခါက်မှာတော့ မဟာ ထွန်း ဗီဒီယိုထုတ်လုပ်ဖြန့်ချိ ရေးမှ ဒါရိုက်တာ ကြည်ဖြူသျှင်က ” မမပြုံး ပြုံးစမ်းပါ” ဇာတ်လမ်းကို နေတိုး ၊မိုးဟေကိုတို့နဲ့ ပြန် လည် ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက် တာကြည်ဖြူသျှင်ရိုက်ထားတဲ့ မမပြုံးပြုံးစမ်းပါ ဇာတ်ကားကို ဒါရိုက်တာတစ်ဦးမှ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ထပ်မံရိုက်ကူးခဲ့ ကြောင်းလည်း သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒါ ရိုက်တာကြည်ဖြူသျှင်ကို ဆက် သွယ်မေးမြန်းတဲ့အခါ..

” အစ်မတို့အနေနဲ့ ကိုယ် ကိုယ်တိုင်လည်း ဘယ်ကိစ္စမဆို မှန်မှန်ကန်ကန်ပဲလုပ်တယ်။ အနုပညာနဲ့ ပတ်သက်ရင်လည်း စည်းဘောင်ထဲကပဲ လုပ်တယ်။ နေရာတိုင်းမှာ ဥပဒေဆိုတာ ရှိ တယ်။ ဒီမိုကရေစီမှာ မှန်ကန် တဲ့ လူ့အခွင့်အရေးဆိုတာ ရှိ သလို တိကျတဲ့ ဥပဒေဆိုတာ လည်း ရှိတယ်။ အစ်မအမြင်က တော့ အစ်မတို့ အစည်းအရုံးက တအားသက်ညှာမှု ရှိတယ်လို့ ထင်မိတယ်။ ပြောမယ်ဆိုရင် ကိုလူမင်းတို့က လောကသား တွေအပေါ် တအားကို ညှာတာ တယ်လို့ အစ်မတော့ မြင်တယ်။အစ်မတို့တွေက အဆက်အသွယ် ပြတ်နေတဲ့ လောကမှာ ရှိနေ တာ မဟုတ်ပါဘူး။ ရန်ကုန် မြို့မှာပဲ ရှိနေကြတာပါ။ တစ် ယောက်နဲ့တစ်ယောက်ဖုန်း ဆက် လို့ရတယ်။ နောက်ဆုံးတအား အချိန်မရတော့လို့ ဖုန်းဆက်လို့ မရတော့ဘူးဆိုရင်လည်း ကိုမင်း ကိုနိုင်ရဲ့ ဝတ္ထု၊ ကိုသူရ (ဇာဂ နာ)ရဲ့ဇာတ်ညွှန်း၊ ဇာတ်ကား နာမည် မမပြုံး ပြုံးစမ်းပါဆိုပြီး အမှန်အတိုင်း တင်လေ။

အဲဒါ ဆိုရင် ရုပ်ရှင်အစည်းအရုံးက လည်း ဒါကတော့ တူနေပါတယ် ဆိုတာမျိုးပြောမှာပေါ့။ အခု လုပ်တဲ့ ဒါရိုက်တာကိုလည်း အစ်မ မမုန်းပါဘူး။ အစ်မနဲ့ ရင်းနှီးတဲ့ သူတွေပါ။ ကိုယ့်လက်ထဲမှာ ဇာတ်တစ်ခု ဇာတ်ညွှန်းတစ်ခု ရှိနေရင် ဒီလိုပဲ နာမည်ပြောင်း ရိုက်ခွင့်ရှိလား။ဒါတွေက အစ်မ အနေနဲ့တစ်ဖက်ကဒါရိုက်တာကို   ပြောတာ မဟုတ်ပါဘူး။ရုပ်ရှင် အစည်းအရုံးကို တိုက်ခိုက်တဲ့သူတွေ ကိုပြောချင်တာပါ။မူတစ်ခုကို ရုပ် ရှင်အစည်းအရုံးက သတ်မှတ် ထားရင် ဘယ်ဥက္ကဋ္ဌတက်တက် ဒီမူအတိုင်း သွားရမှာပါပဲ။ လူ ကြောင့်ပြောင်းတာ၊ အခြေအနေ ကြောင့် ပြောင်းတာမျိုးတွေ မရှိ ရဘူး။ အစ်မတို့လည်းအစည်း အရုံးကထုတ်ပြန်တဲ့ စည်းမျဉ်း စည်းကမ်းကို အမြဲလေးစား တယ်။မှန်မှန်ကန် ကန်ကျင့်သုံးတယ်။

ဒီမူကကိုလူမင်းလက် ထက် မှာမှ သတ်မှတ်ခဲ့တာမဟုတ်ပါ ဘူး။အနုပညာမှာတာဝန်သိ စိတ် ရှိရမယ်၊တာဝန်ယူစိတ်ရှိရ မယ်။ ရုပ်ရှင်လောကသားတွေကောင်းဖို့ တည်ေ ထာင် ထားတဲ့ ဌာနတစ်ခုမှာ ရုပ်ရှင်လောကသားတွေအတွက် မှန်ကန်တဲ့၊မျှတတဲ့စည်းမျဉ်း စည်းကမ်း ဆိုတာရှိတယ်။ နေရာတိုင်းမှာလည်း သူ့ ဥပဒေဆိုတာ ရှိတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို လောကသားတွေက လိုက် နာသင့်တယ်။ ဒီလိုလိုက်နာမှ လည်း လောကက အောင်မြင် မယ်။ တိုးတက်မယ်။ မဟုတ် ရင် လော ကကြီး တစ်ခုလုံးက  ပရမ်း ပတာ   ကြီးဖြစ်သွားမှာပဲ။

” မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကိုရိုက်ရခြင်းက ကိုမင်းကိုနိုင်နဲ့ ကိုသူရ (ဇာဂနာ)ကို လေးစားလွန်းလို့ ရိုက်တာပါ။ ကိုမင်းကိုနိုင်ရဲ့ နာမည်သုံးခွင့်မရဘဲနဲ့ ” မမပြုံး ပြုံးစမ်းပါ” က နှစ်ကြိမ်ထွက်ခဲ့တယ်။ ဒါကြောင့်အစ်မက ဒီဇာတ်ကားကို တတိယကြိမ်ရိုက်တဲ့ ရည်ရွယ်ချက်က မင်းကိုနိုင်ဆိုတဲ့ နိုင်ငံသမားတစ်ယောက်၊ အနုပညာသမား တစ်ယောက် နဲ့ ဦးသူရ (ဇာဂနာ)ဆိုတဲ့အနုပညာသမား တစ်ယောက်၊ နိုင်ငံရေးသမားတစ် ယောက် ဒီလူနှစ်ယောက်က ထောင်ထဲမှာအနုပညာ တစ်ခုမွေးဖွားခဲ့တယ်။ သူတို့နှစ်ယောက် မွေး ဖွားခဲ့တဲ့ဇာတ်ကရှေ့ မှာ နှစ်ကြိမ်ရိုက်ပြီးသွားပြီ။ ဒါပေမဲ့သူ တို့ရဲ့နာမည်တွေကို တရားဝင်သုံးခွင့်မရ ခဲ့ဘူး။ ဒါကြောင့်အစ်မရိုက်တဲ့ အခါ မှာတော့ သူတို့ကို လေးစားသောအားဖြင့် သူတို့ကို ဂုဏ်ပြု သောအားဖြင့် ဒီဇာတ်ကားကိုရိုက်တာပါ” လို့ပြောပါတယ်။

ယခု လက်ရှိမှာ” မမပြုံး ပြုံးစမ်းပါ”  ဇာတ်ကားထွက်ရှိနိုင်မယ့် အနေအထားနဲ့ ပတ်သက်ပြီးဒါရိုက်တာ ကြည်ဖြူသျှင်ကိုဆက်မေးတော့ ” မင်းသားချင်းတူနေရင် ဆင်ဆာ အရင်စောတဲ့ထုတ်လုပ်ရေးက အရင်ထွက်ရတယ်။ ဒါကစည်းကမ်းအတိုင်းပဲ။ ကိုယ့်ရှေ့က စော တဲ့လူတွေကိုစောင့်ရမှာလေ။ အခု ဒါကြောင့် မမပြုံးပြုံး စမ်းပါရဲ့ ပြသ ဖို့ရက်ကိုအစ်မတို့ စောင့်နေရပါတယ်။ အစည်းအရုံးက ပြ ဌာန်းထားတဲ့မူအတိုင်းပေါ့။ ကိုယ့် ထက်ရှေ့ကစီနီယာကျ တဲ့ နေတိုးကားတွေ ရဲ့ နောက် ကနေ တန်းစီရ မှာပဲလေ” လို့ပြောပါတယ်။

From: Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်