Tuesday, September 03, 2013

Facebook ပေါ်ကကျောင်းသားများကို မြှူဆွယ်သည့်ဆရာမအားဖမ်းဆီး

Posted by drmyochit Tuesday, September 03, 2013, under | No comments


ဖလော်ရီဒါ၊ သြဂုတ် ၂၅

နာမည်ကျော် လူမှုကွန်ရန် Website တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်ကတစ်ဆင့် ကျောင်းသားများအား လိင်ကိစ္စမြှူဆွယ်သော ဆရာမတစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USATody သတင်းတွင် ဖော်ပြထား သည်။

ဖလော်ရီဒါတောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၁ နှစ်အရွယ်ရှိ စတီဗီ ဂလပ်စ်ပူး ဆိုသူသည်၊ ဖလော်ရီဒါ၊ ဘိုကာရေတန်ရှိ မိမိနေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက်အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်း ဘရိုးဝပ်ရဲစခန်းတာဝန်ခံအရာရှိက ပြောကြားသည်။

Facebook ပေါ်ရှိ သူမ၏စာမျက်နှာပေါ်တွင် ဆရာမက အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းဖြစ်ရမည်ဟူသော ရေးသား ထားချက်များကို တွေ့ရပြီးရဲစခန်းက လာရောက်ထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်ဟု ရဲအရာရှိကဆိုသည်။

သူမသည် ကလေးသူငယ်များကို ပြည့်တာဆာဆန်ဆန် မြှူဆွယ်မှုဖြင့်လည်းကောင်း၊ လိင်ကိစ္စမြှူဆွယ်လိုစိတ်ဖြင့် ကွန်ပျူတာ အင်တာနက်ကို သုံးစွဲသည့်အတွက်လည်းကောင်း လက်ရှိ ဒေါ်လာ ၂၅၀၀၀ အာမခံဖြင့် နေထိုင်ရမည် ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ယောက်က မိမိထံ ဆရာမကပို့လိုက်သော လိင်အသားပေး အရေးအသားများကို မိဘများထံသွားရောက် ပြသလိုက်ပြီး၊ မိဘများတစ်ဆင့် အာဏာပိုင်များထံ ဆက်လက်တိုင်ကြားရာမှ ယခုကဲ့သို့ ကျော်မကောင်း ကြားမကောင်းသတင်းများ ထွက်ပေါ်လာခဲ့ရခြင်းဖြစ်သည်။
ဂလပ်စ်ပူးသည် မားဗရစ် အထက်တန်းကျောင်းက ဆရာမတစ်ဦးဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် မေလကတည်းက အလုပ်မှ အထုတ်ခံ ထားရသူဖြစ်သည်။ ယခုလက်ရှိ သူမသည် ဟောလီးဝုဒ် ဝိဇ္ဇာသိပ္ပံအကယ်ဒမီကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ ယခုကိစ္စကို ကျောင်းဖွင့်သည့် စာသင်နှစ်အစ    ကျောင်းလေးရက်သာ တက်ရသေးချိန်တွင် ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ရဲစခန်းကသတင်းထုတ်ပြန်သည်။

မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်