Tuesday, September 03, 2013

လုပ်ငန်းသုံးယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံး/ဒဏ်ရာရ

Posted by drmyochit Tuesday, September 03, 2013, under | No comments


နေပြည်တော်၊ စက်တင်ဘာ ၂

၃၁-၈-၂၀၁၃ ရက်နေ့ ၂၀၁၅ အချိန် ကယားပြည်နယ်၊ မော်ချီးမြို့နယ်၊ လိုခါးလိုကျေးရွာ အရှေ့ဘက်ရှိ ဦးဘဲထယ်(၅၅)နှစ်၏နေအိမ်တွင် ခဲလုပ်ငန်းအတွက်အသုံးပြုရန် ယမ်းများသိုလှောင် ထား ရာမှ ပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ဦးဘဲထယ်တွင် ဦးခေါင်း၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပြတ်တောက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေ ရာတွင်သေ ဆုံးခဲ့ပြီး သမီးဖြစ်သူ မနော်လယ်စေး(၂၇)နှစ်တွင် ၀ဲလက်ကောက်ပွန်းပဲ့၊ ဦးခေါင်းနောက်ပိုင်းဖူးရောင်ဒဏ်ရာ၊ မြေးဖြစ်သူ စော်မားထယ်တူး(၅)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာ များ အသီးသီးရရှိခဲ့သည်။

 ထို့ပြင် နေအိမ်ခေါင်းရင်းဘက်ရှိ ဆောက်လုပ်ဆဲ နေအိမ်၌နေထိုင်သူ ဦးနော့နော်ဖူး(၂၂)နှစ်နှင့် ဦးမောင် လှဦး (၂၇)နှစ်တို့တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သောကြောင့် ဖားဆောင်းပြည် သူ့ဆေးရုံသို့ တင်ပို့ ကုသကာ မော်ချီးနယ်မြေရဲစခန်း (ပ)၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်