Tuesday, September 03, 2013

ဒါရိုက်တာညွန့်မြန်မာညီညီအောင်အား အနုပညာလုပ်ကိုင်ခွင့်(၃)လပိတ်ခဲ့မှုနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၏ သဘောထား

Posted by drmyochit Tuesday, September 03, 2013, under | No comments


ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ” မမပြုံး ပြုံးစမ်းပါ”  ဇာတ်ကားနဲ့ပတ်သက်၍ သြဂုတ်လတတိယပတ်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာလုပ်ကိုင်ခွင့် (၃)
လပိတ်လိုက်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါရိုက်တာညွန့် မြန်မာညီညီအောင်ကို အနုပညာလုပ်ကိုင်ခွင့် (၃)လ ပိတ်လိုက်ခြင်းနဲ့ပတ်သက်ပြီး သြဂုတ် ၂၃ ရက်နေ့က မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကို သွားရောက်မေးမြန်းတော့…
” တကယ်တော့ဒီဖြစ်စဉ်က ရိုးရှင်းပြီးတော့ အင်မတန်ကို အားကျစရာကောင်းတဲ့ကိစ္စတစ်ခု။ ဘာလို့လဲဆိုတော့ ဦးညီညီအောင်ဆိုတာ အနုပညာ သိက္ခာနဲ့ နာမည် ပျက် မရှိတဲ့ ဒါရိုက်တာတစ်ယောက်။ ကျွန်တော့်ကို အနုပညာဖန်တီးတဲ့သူ၊ အနုပညာရှင်တွေက ကြိုတင်ကြံစည်မှု မရှိဘဲနဲ့ မှားယွင်းတဲ့ အမှားလေးတစ်ခုအတွက်။ သူ့ရဲ့အမှား အတွက် သူ့မှာပဲ တာ ဝန်ရှိတယ်။ ထုတ်လုပ်သူမှာလည်း တာဝန်မရှိဘူး။ ဘယ်သူ့မှာမှလည်း တာဝန်မရှိဘူးဆိုပြီး သူ့ကိုကြိုက်သလို အပြစ်ပေးအရေး ယူပါဆိုပြီး၊ သူ့တာဝန်ကိုသူ ရဲရဲဝံ့ဝံ့ယူပြီး သူ ကိုယ်တိုင်တောင်းဆိုလာတဲ့ အချက်ကို အစ်ကိုတို့က အသိအမှတ်ပြုပေးလိုက်တဲ့သဘော၊ တစ်ဖက်မှာလည်း ကျွန်တော် ကိုယ် တိုင်က ဆွေးနွေးညှိနှိုင်းပြီးသား။ သူ့ရဲ့ တာဝန်ယူမှုကို ကျွန်တာ့်အနေနဲ့ အင်မတန်ကို လေးစားတယ်။ ဒီခေတ်ကြီးမှာ တာဝန် ယူမှုတာဝန်ယူမှုဆိုတာကို တွင်တွင် ကျယ် ကျယ် အော်နေတဲ့သူတွေ တာဝန်ယူမှုဆိုတာကို တကယ်လက် တွေ့ ကျင့်သုံးနိုင်သလားလို့ ကျွန်တော် ပြန်မေးချင်တယ်။ ဒီဒါရိုက်တာက သူ့ရဲ့ အမှားတစ်ခုကို သူရဲရဲဝံ့ဝံ့ တာဝန်ယူသွားတာ။ ဒါပေမဲ့ တစ်ဖက်လည်းမှာလည်း အစ် ကိုကိုယ်တိုင်တွေ့ဆုံညှိနှိုင်းပေးပြီး ဖြစ်တဲ့အတွက် ပြေလည်တာနဲ့ ဒီအရေးယူမှုဆိုတာလည်း ချက် ချင်း ဖြေလျော့ပေးလိုက်မှာပါ” လို့ ဦးလူမင်းက ရှင်းပြသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ကိုယ်တိုင်တို့က အရေးယူပေး ဖို့အတွက်ကို တာဝန်ယူစိတ်နဲ့ သူကိုယ်တိုင် တောင်းဆိုခဲ့တဲ့ သဘောလားလို့ ဆက်မေးတော့..

” သူကိုယ်တိုင်ကို တောင်းဆို လာပါတယ်။ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။ သူ့မှာပဲ တာဝန်ရှိပါတယ်။ ထုတ်လုပ်သူမှာလည်း တာဝန်မရှိဘူး။ သူ့မှာပဲ တာဝန်ရှိတယ်လို့ အစ်ကိုကို့ဆီကို စာတင်ပါတယ်။ အဲဒီအတွက် အရေးယူတာတို့၊ ပိတ်ပင်တားဆီးမယ်ဆိုလည်း သူ့ကိုသာအပြစ်ပေးပါလို့ သူကိုယ်တိုင်က တောင်းဆိုထားတာ။ တစ်ဖက်မှာလည်း ထုတ်လုပ်သူအနေနဲ့ သူဒီ ဇာတ်လမ်းတစ်ခုကို မှားယွင်းပေါ့ လျော့ရိုက်ကူးမိလိုက်တဲ့အတွက် ထုတ်လုပ်သူအနေနဲ့လည်း အခု ဆင်ဆာကြည့်ရှုခွင့် တင် ရာမှာ ကြန့်ကြာမှုတွေ နစ်နာနေတာလည်း အမှန်ပဲ။ အဲဒီအတွက် သူ့အလွှာကို သူကရဲရဲ ဝံ့ဝံ့တာဝန်ယူတာ။

ကျွန်တော် အင်မတန် ကို လေးစားတယ်။ အနုပ ညာရှင်ဖြစ်ပေမယ့် အဲဒီလိုစိတ်ဓာတ်ကို အင်မတန်လေးစားဖို့လိုတယ်။ တာ ဝန်ယူမှု၊ တာဝန်ယူမှုပြောတယ်ဆိုတာ အဲဒါမျိုးပါ။ ဇာတ်လမ်းပိုင်ရှင်က ကိုမင်းကိုနိုင်။ အဲဒီဟာ ကို တာဝန်ယူထားတာက ကိုသူရ(ဇာဂနာ)ကိုသူရကလည်း ကိုညီညီအောင်ကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့တာမျိုးတစ်ခုမှ မရှိဘူး။ စာရေးဆရာတစ်ယောက်ကတော့ သူမူ၊သူ့စံသူအနုပညာမာနဆိုတာ ရှိတယ်။ ဒီလူကို ဒါရောင်းပြီးပြီဆိုရင် နောက်လူကို ဘယ်လောက်အကြာမှ ရောင်းမယ်ဆိုတာ ရှိတယ်။ အကယ်၍သာ ဒီကားနှစ်ကားက ဆက်တိုက်ကြီးထွက်သွားမယ်ဆိုလို့ရှိရင် သိက္ခာရှိ တဲ့လူတစ်ယောက်အနေနဲ့ ငွေကြေး ရလိုမှုအတွက် ဟိုလူရောင်း၊ဒီလူ ရောင်းဆိုတာ မဖြစ်နိုင်တဲ့အတွက်၊ အနုပညာ သိက္ခာအတွက်အသိပေး အကြောင်းကြားထားတာလည်း ရှိတယ်။

ကိုညီညီအောင်ကို ပိတ်ပါ၊ ပင်ပါ။ ဘယ်သူ့ကို ပိတ်ပါ၊ ပင်ပါ လို့ သူက လည်း တောင်း ဆိုထားတာ လုံးဝမရှိပါဘူး။ ဒါကိုလည်း ရှင်းအောင် သိစေချင်တယ်” လို့ ဦးလူမင်းက ရှင်းပြခဲ့သည်။ ထို့နောက် “မမပြုံးပြုံးစမ်းပါ” ဇာတ်လမ်းရေး သားသူ ဇာဂနာနဲ့ ဖုန်းအဆက် အသွယ်ရပြီးနောက် ဒီဒါရိုက်တာက သူ့ရဲ့အမှားတစ်ခု ကိုသူရဲရဲဝံ့ဝံ့တာဝန်ယူသွားတာ။ ဒါပေမဲ့ တစ်ဖက်မှာလည်း အစ်ကို ကိုယ် တိုင်တွေ့ ဆုံညှိနှိုင်းပေး ပြီး သားဖြစ်တဲ့ အတွက် ပြေလည်တာနဲ့ ဒီအရေးယူမှုဆိုတာလည်း ချက်ချင်းဖြေလျှော့ပေးလိုက်မှာပါ” လို့ ဦးလူမင်းက ရှင်းပြသည်။

ထို့နောက်ဦးလူမင်းက ” မမပြုံး ပြုံးစမ်းပါ ” ဇာတ်လမ်းရေးသား သူဇာဂနာနဲ့ ဖုန်းအဆက်အသွယ် ရခဲ့ကြောင်း သိရပါတယ်။ ထို့ကြောင့် သြဂုတ် ၂၆ရက်နေ့ မနက်က ဦးလူမင်းကိုသွား ရောက် မေးမြန်းခဲ့ရာ ” ဒီနေ့ပြောချင်တဲ့ အကြောင်းတစ်ခုက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို သုံးလပိတ်ပင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အနည်း ငယ်ရှင်းပြ ချင်ပါတယ်။ နံပါတ်၁အနေနဲ့ ပြောချင်တာက အနုပညာသမား တစ်ယောက်ကို ပိတ်ပင်တဲ့အလုပ်ကို ကိုယ်ကိုယ်တိုင်လည်း မုန်းတီးပါတယ်။ ဒီလို အလုပ်ကို ကိုယ်ကိုယ်တိုင်ကလည်း အနု ပညာသမားတစ်ယောက်ဖြစ်တဲ့ အတွက် လုံးဝမလုပ်ချင်ပါဘူး။

ဒါပေမဲ့ပိတ်ပင်တဲ့စာ ထွက်သွားတဲ့ အကြောင်းအရင်းက ကျွန်တော် CEC အစည်းအဝေးမှာ  ဒီကိစ္စကို ဆွေးနွေးတာမှန် တယ်။ EC အစည်းအဝေးမှာ ဆုံးဖြတ်တာလည်း မှန်တယ်။ ဒါပေမဲ့ဒီစာ ထုတ်ရ မယ့်(ပရိုစီ ဂျာ)ဟာ ကိုယ်တို့အချင်းချင်းမှာ နားလည်မှုလွဲပြီး ကျွန်တော်ခရီး သွားနေတဲ့ အချိန်မှာ ဒီစာထွက် သွားတာဖြစ်တယ်။ ဒါပေမဲ့ ကျွန် တော်က ဥက္ကဋ္ဌ တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်။ ဘယ်သူ့ပေါ်မှာမှလည်း တာဝန်မရှိပါဘူး။

နောက်တစ်ခုက ဒီဆုံးဖြတ်ချက်ကို အစ်ကိုတို့က ဝိုင်းစွပ်စွဲသလိုမျိုး  အာဏာရှင်ဆန်ဆန်အပြစ်မရှိတဲ့  လူကိုပုံ ကြီးချဲ့ပြီး အပြစ်ပေးတယ်ဆိုတဲ့ အရာရောက်နေ တယ်။ေ ဆွးနွေချက် အသံတွေက တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီကားနဲ့ပတ်သက်ပြီးတော့ ပထမရိုက်ထားတဲ့ “မမပြုံး ပုံးစမ်းပါ ” ရိုက်ထားတယ်။ “ပင်လယ်ခန်း တဲ့နေ့” အဲဒီကားကိစ္စတွေ ကို စာရေးသူကိုယ်တိုင်ကလည်း အစ်ကိုတို့ဆီကို ဆင်ဆာကြည့်ရှုခွင့်မပြုပါဆိုပြီးတော့ ကန့်ကွက်ထားပါတယ်။ မဟာထွန်းရုပ်ရှင်ကလည်း ဒီကားကို သူတို့ရိုက်ပြီးတာဖြစ်တဲ့အတွက် သူတို့ဖြန့်ချိပြီးမှ ပြဖို့ ဆင်ဆာကြည့်ရှုခွင့် ဆိုင်းငံ့ထားဖို့လာပြီး တောင်းဆိုထားတာရှိတယ်။ နောက်ပြီးတော့ ထုတ်လုပ်သူ ကိုယ်တိုင် ကလည်းဆင်ဆာကြည့်ရှုထောက် ခံချက်ကို ခုထိခွင့်ပြုခြင်း မရှိသေးပါ။ ဘယ်အကြောင်းကြောင့် ကြန့်ကြာနေသည်ကို အကြောင်းပြန်ပေးပါရန် ထုတ်လုပ် သူက တောင်း ဆိုထားတယ်။ အဲဒီလိုတောင်းဆိုချက်တွေကြောင့် ဒီကားကိစ္စကို စုံစမ်းပြီးတော့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ဆုံးဖြတ်ထားတာ။

ဒီဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ကူကူဆုံး ဖြတ်လိုက်တာ မဟုတ်ပါဘူး။ မဟာထွန်းထုတ်လုပ်ရေး ဘက်ကလည်းတင်ပြထားတယ်။ စာရေးသူကလည်း ကန့်ကွက် စာတင်ထားတယ်။ ဒါရိုက်တာကလည်း သူမှားပါတယ်လို့ ဝန်ခံပြီး စာတင်ထားတယ်။ မာန်ထက်ချီ ထုတ်လုပ်ရေးကလည်း ဘာကြောင့် ဆင်ဆာကြည့်ရှုခွင့် ချမပေးေ သးတာလဲဆိုပြီး စာတင်ပြထားတယ်။ ကိုယ်တို့ဆီမှာ စာရွက်စာတန်းတွေအပြည့်ရှိတယ်။ ဒီအချက် အလက်တွေကြောင့် ကိုယ်တို့ က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရ မလဲဆိုတာစဉ်းစားသုံးသပ်တယ်။ သုံးသပ်တဲ့နေရာမှာလည်း ထုတ်လုပ်သူဘက်က တောင်းဆို ချက်တွေကြောင့် ဒါရိုက်တာ ကိုယ်တိုင်ကလည်း တာဝန်ယူ တယ်။သူ့မှာ အပြစ်ရှိတယ်လို့ ဝန် ခံထားတာဖြစ်တဲ့ အတွက်ကြောင့် အစ်ကိုတို့က ဒီလိုအပြစ်ပေး အရေးယူတာကို ဆောင်ရွက် လိုက်ရတာ။

ဒါပေမဲ့လည်း တစ်ဖက်မှာ အစ်ကို ကိုယ်တိုင်က ကိုသူရ နဲ့ ကိုညီညီအောင်ကို ညှိနှိုင်း ထားပြီဖြစ်တဲ့အတွက် ချက်ခြင်း ပြေလည်တာနဲ့ ဒါတွေအားလုံး ချက်ချင်းဖြေလျော့ဖို့လည်း တစ် ဖက်မှာစဉ်း စား ထားပြီးသား။ ဒါ ကြောင့် ဒီဆုံးဖြတ်ချက်ကို ချ လိုက်တာပါ။ အစ်ကိုတို့က အာ ဏာရှင်ဆန်ဆန် လက်လွတ်စပယ် တော့ဘယ်လုပ်ပါ့ မလဲ။လက်လွတ် စယ်ဆုံးဖြတ် တဲ့ ဆုံးဖြတ်ချက် တစ် ခုမဟုတ်ပါဘူး။ အခုပဲကိုသူရ (ဇာဂနာ)နဲ့ဖုန်း အဆက်အသွယ် ရလိုက်တယ်။ခုချိန်ထိ ဇာတ်လမ်း ပိုင်ရှင်၊ဇာတ်လမ်းကို တာဝန်ယူ ထားတဲ့ကို သူရ(ဇာဂနာ)ဆီကို မာန်ထက်ချီထုတ်လုပ်ရေးကရော ဒါရိုက်တာရော ဘယ်သူကမှ လာ ရောက်တရားဝင်ဝယ်ယူထားခြင်း မရှိသေးပါဘူးတဲ့။ဆိုလိုတာက ဇာတ်လမ်း ကိုတာဝန်ယူထားတဲ့ ကိုသူရ (ဇာဂနာ)ဘက်က သူတို့ ဆီကိုလာဝယ်လို့ ခွင့်ပြုလိုက်တယ် ဆိုရင် အစ်ကိုတို့ကဒါကို ဖြေလျှော့ လိုက်မှာပါ။သူတို့ဘက်က ဆောင် ရွက် စရာတွေ ကြန့်ကြာနေတယ်။ တစ်နေ့ကမှ မဟာထွန်းက စာ တင်လာပါတယ်။ ဒီဇာတ်လမ်း က ဇာတ်လမ်းတူဖြစ်နေတဲ့အတွက် ဆင်ဆာလျှောက်ထားခွင့်ကို သူတို့ ရန်ကုန်ကိုဖြန့်ပြီးမှ ဆင် ဆာတင်ခွင့်ပြုပါရန်မေတ္တာ ရပ် ခံပါတယ်ဆိုပြီး လာတင်သွား တယ်။ဒီလိုစာတွေတင်လာလို့ ဆောင်ရွက်ထားခြင်းဖြစ်တယ်။ တရားလက် လွတ်ေ ဆာင်ရွက်ခြင်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ထို့နောက်သြဂုတ်၂၆ ရက် နေ့ ညနေပိုင်းမှာ လူမင်းရဲ့ရိုက် ကွင်းကိုသွားရောက်ခဲ့ကြပြီး ထပ်မံမေးမြန်းခဲ့ရာ ” ဇာတ်လမ်း ရဲ့ တာဝန်ခံဖြစ်တဲ့ ကိုသူရက ကျွန်တော်တို့ အစည်းအရုံးကို ကန့်ကွက်စာပို့တယ်။ ပြီးတော့ဆင် ဆာဘုတ်အဖွဲ့ကိုလည်းကန့်ကွက် စာပို့ထားတာရှိတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကိုယ်တို့က ဒီကိစ္စကိုတာဝန်ယူဖြေ ရှင်းပေးရတာ။တကယ်ဆို ဒါရိုက် တာနဲ့ထုတ်လုပ်သူပြဿနာဖြစ် ရင်သူတို့အချင်းချင်းရှင်း၊ မကျေနပ် ရင်တရားရုံးတက်ကြ။ ဒီလိုပဲသွား ရမှာ။ဒါပေ မဲ့ အစည်းအရုံးအနေ နဲ့ ပြဿနာကို ပြီးသွားအောင်လို့ ဝင်ရှင်းပေးတာ။ ဒီမနက် ကိုသူ ရဖုန်းဆက်တော့ ဒီနေ့မနက်ထိ သူ့ဆီဘယ်ကမှ တရားဝင်လာ ဝယ်ပြီးခွင့်ပြု ချက်တောင်းတာ မရှိသေးပါဘူးတဲ့။ ကိုသူရကိုယ် တိုင်ကန့်ကွက်ထားတာ။ကန့်ကွက် တာကကိုညီညီအောင်ကိုပိတ်ဖို့ ပြော တာမဟုတ်ပါဘူး။သူ့ဇာတ်လမ်း ကိုခွင့် မတောင်း ဘဲရိုက်ထားတဲ့ အတွက်၊တစ်ဖက်မှာရောင်းထား ပြီးသားဖြစ်နေတဲ့အတွက်ဒါကို ကန့် ကွက်တာ။သူ့ဆီမှာသာ တရားဝင် လာဝယ်ရင်မကန်ကွက်ဘူးလို့ စာ ထုတ်ပေးမယ်” လို့ ပြောပါတယ်။

Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်