Tuesday, September 03, 2013

အရေပြား ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်

Posted by drmyochit Tuesday, September 03, 2013, under | No comments


အရေပြား ရောဂါဟာ ကလေးငယ်တွေ အဖုအပိမ့် ထွက်သလို လူကြီးတွေမှာလည်း နီရဲပြီး ရောင်ရမ်းတဲ့ လက္ခဏာ ပြတတ်ကြပါတယ်။

တစ်ခါတလေ အင်ပျဉ်ကြောင့် အဖုအပိမ့်မှာ အဖတ်တွေ ကွာနေရင် အာသာပြေ ပွတ်ပေးပြီး  ရေခဲနဲ့ လှိမ့်ပေးရမယ်။ မပျောက်ရင် မက်ဇင်တယ်၊ ဆကီနာ လိမ်းဆေးလိမ်း။  ပြီးတော့ သောက်ဆေး ဘာမီတွန်၊ စီထရင် စားဆေးကျွေး။ သိပ်ဖြစ်လို့  မသက်သာတော့မှ ဆရာဝန်ဆီ ရောက်တော့တယ်။ ပိုဆိုးလာလို့  ဘာကြောင့် အဖုအပိမ့် ထွက်တာလဲလို့ကြည့်ရင် ကလေးတွေဆိုရင် ဝက်သက်၊ ရေကျောက်၊ ဝဲစို၊  ဝဲခြောက်နဲ့ လက်အဖျားတွေဟာ အဖုအပိမ့် ထွက်တတ်တဲ့ ရောဂါပါပဲ။

လူကြီးတွေဆိုရင် ထိမိလို့၊ ယားယံတာဖြစ်လို့ လိမ်းဆေးလိမ်းရုံ စားဆေးနဲ့ မပျောက်တတ်ဘူး။ တချို့ဆိုရင် ရာသီပြောင်းရင်  အနည်းဆုံး တစ်ကြိမ်  အဖုအပိမ့် ထွက်တယ်။တစ်ခါတစ်ရံ မဝတ်ဖူးတဲ့ သားမွေး အင်္ကျီတွေ၊ ရေမလျှော်ရသေးတဲ့ အင်္ကျီအဝတ်အစား အသစ်တွေက လူကို ယားယံစေတာမျိုးကို တွေ့ရတယ်။

ဝဲနှင်းခူလို ယားယံတဲ့ ရောဂါတွေဟာ  စိတ်ပိုင်း ဆိုင်ရာနဲ့လည်း သက်ဆိုင်နေတယ်။ ရင်ဆိုင်ရမယ့်  အမှုအခင်း၊ စည်းဝေးပွဲ စတာတွေအတွက် ကြိုတင် စဉ်းစားမိရင် ယားယံတဲ့ အဖုအပိမ့်တွေ ထွက်တတ်တာ တွေ့ဖူးပါတယ်။ ဒါက လူကြားထဲ ပွဲထုတ်ဖန်များလေ ပိုသတ္တိရှိလေပဲ။  သည်လိုပဲ စာမေး ပွဲ ဖြေခါနီး  အဖုအပိမ့်ထွက်တဲ့  ကျောင်းသား၊ ကျောင်းသူတွေ နည်းနည်းလေး  မိုးအေးတာနဲ့ ရင်ကျပ်၊ အင်ပျဉ်ထတတ်တဲ့ ကလေးတွေ၊ လူကြီးတွေကို  တွေ့ရဖန် များပါတယ်။

ဆေးနဲ့မတည့်ရင် ဥပမာ- ဘားပလက် မတည့်ဘဲ အရဲစွန့် ထိုးနှံလို့ အဖုအပိမ့်ထွက်၊ ရင်ကျပ်လာတာမျိုး၊ ပင်နီဆီလင်နဲ့ မတည့်ဘဲ ပင်နီဆီလင် သောက်မိ လို့ အဖုအပိမ့် ထွက်တာမျိုးတွေ့ဖူးတယ်။ အဲဒီ အဖုအပိမ့်တွေကို အရေးပေါ် ဆေးကုသမှုတွေ လုပ်ဖူးတယ်။ ဆာလ်ဖာ မတည့်လို့ အရေပြားအားလုံး ကွာကျတဲ့ လူနာတစ်ယောက်  တွေ့ဖူးတယ်။

အရေပြားမှာ ပိုးဝင်ရင် ခြောက်သွေ့လာပြီး   ထိခိုက်ရင် ယားလွယ်တဲ့ အရေပြားမှာ  ကုတ်လိုက်တာနဲ့ ပိုးဝင်တတ်တယ်။ နောက် မှိုကြောင့်ရတဲ့ ပွေးဟာ အဖုအပိမ့်ထွက်ပြီး မျက်နှာပြင်က  ဖောင်းပြီးတက်နေတယ်။ ဒီလို အဖုအပိမ့် တွေကို ပွေးသတ်ဆေး ခရင်မ်လိမ်းပေးရမယ်။

နောက်တစ်ခုက အရေပြားရောဂါဖြစ်တဲ့ အင်ပက်တီဂို အရေပြား ရောင်ရမ်းခြင်းပဲ။ အရေပြား အဖုအပိမ့် ထွက်တာ အခြားရောဂါကြောင့် ဖြစ်နိုင်ပြီး ရေကျောက်၊  ဝက်သက်၊အသားရောင်ခြင်း၊ မိတ်ဖုပေါက်ခြင်းနဲ့ မွေးကျွတ်နာပေါက်ခြင်း တို့လည်း ဖြစ်နိုင်တယ်။  တချို့ ဝက်ခြံပုန်း ပေါက်တာဟာလည်း အင်ပျဉ် ဖြစ်လာတတ်တယ်။နှင်းခူကတော့  အရေပြား ယားယံတဲ့ ရောဂါထဲမှာ နှစ်အတော်ကြာ ကုသရတဲ့ နာတာရှည် ရောဂါ တစ်မျိုးပဲ။  နှင်းခူမဖြစ်အောင် ဝဲပေါက်တာက အစ စနစ်တကျ ပျောက်ကင်းအောင် ကုသရမယ်။ ဆပ်ပြာနဲ့ဆေးပြီး ဝဲဆေးလိမ်းပြီးရင် ဖျူစင်ဖော့ သောက်နိုင်တဲ့ အပြင် အက်ကိုဇောလည်း လိမ်းပေးနိုင်တယ်။

နောက်တစ်မျိုးက မက္ခရု ပေါက်ခြင်းဖြစ်တယ်။  မက္ခရုဟာ မှိုရောဂါ တစ်မျိုးဖြစ်ပြီး မွေးကင်းစ ကလေးငယ် တချို့မှာ နို့မလိုင်ဖတ်လို  အဖြူဖတ်ပေါက်နေ တယ်။  မက္ခရု အဖြူဖတ် ခွာကြည့်ရင် သွေးဆို့ပြီး ပွားတတ်လို့ ရှောင်ကြဉ်သင့်တယ်။ စီဗစ်နဲ့ ဖျူဆင်ဖော့ တစ်နေ့တစ်လုံး စီ နှစ်ကြိမ်နဲ့(၅ရက်-၇ရက်)လောက် သောက်ရတယ်။ ဒါမှ ပျောက်ကင်း သက်သာမှာ ဖြစ်ပါတယ်။   ။  

 မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်