Wednesday, August 22, 2012

မြန်မာပြည်သား: ဇော်မတက်အုပ်စု၊ ဟင်္သာရပ်ကွက်မှ သေဆုံးမှု သတင်းဖော်ထုတ်ချက်( ဥာဏ်များတဲ့ ကုလားများ)

Posted by drmyochit Wednesday, August 22, 2012, under | No comments



ရခိုင်ပြည်နယ် မောင်တော ခရိုင် ဇော်မတက် အုပ်စု၊ ဟင်္သာရပ် ကွက် နေထိုင်သူ အဒူဆလန်း ၊(၅၀)နှစ် (ဘ) အာမီဟူဆောင်း မှာ ရတခမရ (၃၂၅)မှ စစ်သည်များမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် တွင် ထိမှန်သေဆုံး သွားကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်ခြင်းနှင့်  ၄င်းအား ဇော်မ တက် ကျေးရွာ ဘင်္ဂါလီ သင်္ချိုင်းတွင် မြေမြှုပ်ထားကြောင်း သတင်း ရရှိ ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  အဖြစ်မှန် ပေါ်ပေါက် စေရေး နှင့် လိုအပ် သလို အရေးယူ ဆောင်ရွက် နိုင်ရန် အတွက် သက်ဆိုင်ရာမှ ညွှန်ကြားချက် အရ နယ်မြေခံ တပ်ရင်းမှ ဗိုလ်ဝင်းမင်းထွန်း ဦးစီး တပ်စု တစ်စု သည် ၂၀၁၂ခုနှစ် သြဂုတ်လ ၁၆ရက် ၁၄၃၀ နာရီတွင် သေဆုံးသူ မိသားစု ၀င်များ၊ ၄င်း ကျေးရွာမှ တာဝန်ရှိသူ များ၏ အကူ အညီဖြင့် မြေမြှုပ် ထားသော နေရာသို့ သွားရောက် တူးဖော်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့  ၁၆၀၀ နာရီ တွင် ပို့ဆောင်၍ ရင်ခွဲ စစ်ဆေးမှု ပြုလုပ်ရာတွင် သေနတ် ဒဏ်ရာ ကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ၄င်းတွင် ရှိသည့် နှလုံးရောဂါ ဖြင့်သာ သေဆုံးကြောင်း ဆရာဝန်မှ စစ်ဆေး ချက်အရ အတည်ပြု ခဲ့ကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်