Wednesday, August 22, 2012

ထိုင်းသို့ တရားဝင်အလုပ်သမား စေလွှတ်မှု မကြာမီခွင့်ပြုမည်

Posted by drmyochit Wednesday, August 22, 2012, under | No comments


 

ထိုင်းနိုင်ငံသို့ အလုပ်သမားများ တရားဝင်ပို့ ဆောင်နိုင်ရန် တင် ဒါစနစ်ဖြင့် ခေါ်ယူထားသော အေဂျင်စီများအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို မကြာမီ ထုတ်ပေး တော့မည် ဖြစ်ကြောင်း အလုပ် သမား ညွှန်ကြားမှုဦးစီးဌာန မှအရာရှိတစ်ဦးက ပြောသည်။
ပြည်တွင်း၌ ရှိသော အေဂျင်စီများအား လျှောက်ထား ခွင့်ပြုရာ လက်ရှိအေဂျင်စီ ၅၁ ဖွဲ့ လာရောက် လျှောက်ထားပြီး ဖြစ်၍ လိုင် စင်ရရှိသော ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီများနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ သွားရောက် ညှိနှိုင်း မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “လိုင်စင်ရတာနဲ့ ချက်ချင်း လုပ်လို့ မရသေးဘူး။ ဒီကအေဂျင်စီတွေကို ထိုင်းကိုခေါ်သွားပြီး အဲဒီက ကုမ္ပဏီတွေနဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးမှုတွေ လုပ်ရဦးမှာ”ဟု ၎င်းကပြောသည်။ ယခုအခါ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်သူများ အနေဖြင့် ပွဲစားများ၏ ခေါင်းပုံဖြတ်မှုအပြင် ကုန်ကျစရိတ် သက်သာ လာကာ အလုပ်သမားများအား အခမဲ့ဝန် ဆောင်မှုတို့ဖြင့် အလုပ်သမား စုဆောင်းပေး မည်ဖြစ်၍ ထိုင်းနိုင်ငံမှ အလုပ်ခေါ်စာ များကိုလည်း တိုင်းနှင့် ပြည်နယ်များရှိ အစိုးရအလုပ် သမားရုံးများ၌ အလုပ်ခေါ် စာများအား ကြေညာပေးသွား မည်ဖြစ်သည်။ ယခု ကဲ့သို့ ရွေးချယ်နိုင် ရန်အတွက် အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများအား ဇူလိုင်လ ၁၈ ရက်မှစ၍ လျှောက်လွှာ များတင်ရန် အကြောင်းကြားခဲ့သည်။ ပြည်ပသို့ သွားရောက် လုပ်ကိုင်သူများ အနေဖြင့် ယ ခုနှစ်ပိုင်းအတွင်း မလေးရှားနိုင်ငံထက် ထိုင်းသို့သွားရောက်မှု ပိုများလာကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်