Wednesday, August 22, 2012

နယ်စပ်သွားရောက်သူများအား မွန်ပြည်နယ်တွင် ရှောင်တခင် စစ်ဆေးနေ

Posted by drmyochit Wednesday, August 22, 2012, under | No comments



  
တဖက်နိုင်ငံ(ထိုင်း)သို့ နေ့စဉ်ဝင်ရောက်လျှက်ရှိသော မြန်မာနိုင်ငံသားများအား မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံ-ကြာအင်းဆိပ်ကြီးနှင့် မော်လမြိုင်-မြဝတီလမ်းကြောင်းများတွင် မွန်ပြည်နယ် လူကုန်ကူးမှုကာကွယ်တားဆီးရေးအဖွဲ့က ရှောင်တခင် စစ်ဆေးနေကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ ဖြစ်ကြသည့် ကျား/မအရွယ် လူငယ်လူလတ်ပိုင်းများ ထိုင်းနိုင်ငံသို့ လူပို့ပွဲစားမှတဆင့် တရားမဝင်လမ်းကြောင်းမှနေစဉ်ဝင်ရောက်လျှက်ရှိရာ လူကုန်ကူးမှု အခြေအနေများ ဖြစ်ပေါ်စေနိုင်သဖြင့် ယင်းကဲ့သို့ တားဆီးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လူကုန်ကူးမှု ကာကွယ်တားဆီးရေး အဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ၎င်းင်းက “ဒီရက်အတွင်းမှာ ချင်းပြည်နယ်ဖက် ကနေဝင်လာတာ အတော်များတယ်၊ နယ်စပ်မှာအသိ မိတ်ဆွတွေ ခိုင်ခိုင်မာမာရှိရင်တော့ သွားခွင့်ပြုပါတယ်၊ နယ်စပ်မှ အသိဆွှေမျိုးမရှိသူ၊ နိုင်ငံကူး လက်မှတ်ယာယီ ပတ်စပို့မရှိသူတွကေိုတော့ နေရပ်ပြန်ခိုင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်နိုင်ငံမှာ အရောင်းစားခံမှာ စိုးရိမ်ရတယ်” ဟု ပြောသည်။

 ဇမိမြစ်အတွင်းပြေး ဆွဲနေသော ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ချောင်းဆုံလှလမ်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူလမ်းပိုင်းမှ အုပ်စုအလိုက် ချင်းလူငယ် အများအပြား ပြီးခဲ့သည့်သီတင်း ပတ်များတွင် ဝင်ရောက်ခဲ့ကြသည်။ ယင်းလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ နေ့စဉ်တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်သူများ တစ်ရာယောက်ဝန်း ကျင်ခန့်ရှိရာတွင် ချင်းတိုင်းရင်းသား ၂၀ ဝန်းကျင်ခန့် ပါရှိတတ်ကြောင်း ဘုရားသုံးဆူမြို့၊ စစ်ဆေးရေးဂိတ် တစ်ခု၏မှတ်တမ်း အရသိရသည်။ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ င်ရောက်ခဲ့သူများအနက် အချို့မှာပွဲစား၏ ရောင်းစားခြင်း ခံလိုက်ရပြီး ယောကျာ်းလူငယ်များသည် ပင်လယ်ငါးဖမ်းလှေ များတွင်၎င်း၊ မိန်းကလေးများသည် အနှိပ်ခန်း၊ ကာရာအိုကေခန်းနှင့် ပြည့်တန်ဆာရုံများသို့ ရောက်ရှိနေကြသည့် သတင်းများ မကြာခဏဖတ်ရှုနေရသည်။ မြန်မာနိုင်ငံသည် ၂၀ဝ၈-၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက် မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်းဆုံး နိုင်ငံဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြား ခဲ့ကြောင်း အင်တာနက်သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်းကို ချမှတ်ဆောင်ရွက်လျှက်ရှိပြီး လူကုန်ကူးမှု ကိစ်စရပ်များအား ၂၄ နာရီတိုင်ကြားနိုင်သည့် အရေးပေါ် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ်မ စေခိုင်းမှု ပပျောက် ရေးလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO နှင့် အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမြင့်သိန်းတို့ ပြီးခဲ့သည့် မေလအတွင်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်