Wednesday, August 22, 2012

ဆီးရီးယားနိုင်ငံဘက် မှပစ်ခတ်လိုက် သောဒုံးပျံများ ၄င်း၏ပိုင်နက် အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျော်ဒန်နိုင်ငံက စွပ်စွဲပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 22, 2012, under | No comments



ဆီးရီးယားနိုင်ငံမှ ပစ်ခတ်လိုက် သောဒုံးပျံ ၄ စင်းသည် ဂျော်ဒန်နိုင်ငံ၏ မြောက်ပိုင်းနယ်စပ် မြို့ဖြစ်သော Al Turra မြို့ရှိဒေသခံများ နေထိုင်ရာ နယ်မြေအတွင်း သို့ကျရောက်ခဲ့မှုကြောင့် ကလေးတစ်ဦး အပါအဝင်များအပြား ဒဏ်ရာရ ရှိခဲ့ကြောင့် ဂျော်ဒန်နိုင်ငံက သြဂုတ်လ ၁၉ ရက်နေ့ နှောင်းပိုင်းတွင် စွပ်စွဲပြော ကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရသိရှိရ ပါသည်။ ဆီးရီးယားအစိုးရသည် အဆိုပါ ဒုံးပျံများကျရောက် ခဲ့ပြီးနောက် ၄င်းဖြစ်စဉ်ကို ဆန့်ကျင်ကြောင်း ပြောကြားရန် ဂျော်ဒန်နိုင်ငံဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး Bahjat Suleiman အားဆင့် ခေါ်ခဲ့ကြောင်း ဂျော်ဒန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Samih Maaytah ကပြောကြားခဲ့ပါသည်။ သို့ရာတွင် အဆိုပါ ဒုံးပျံများသည် ဂျော်ဒန်နိုင်ငံတွင်းရှိ လွတ်လပ်သော ဆီးရီးယားတပ်မတော် (FSA) သူပုန်အဖွဲ့များ ကိုပစ်ခတ်ခြင်း၊ သို့မဟုတ် ဂျော်ဒန်နိုင်ငံသို့ ထွက်ပြေးသွား သည်ဟုယူဆရသော ဆီးရီးယား ဒုတိယသမ္မတ Farouk al-Sharaa စီးနင်းလာသည့် ယာဉ်တန်းတစ်ခုအား ပစ်မှတ်ထား ပစ်ခတ်ခြင်းဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု ဆိုပါသည်။ ဂျော်ဒန်အစိုးရသည် ၄င်း၏ပိုင်နက် အတွင်းသို့ ဒုံးပျံများ ကျရောက်မှုနှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက် သောစာတစ်စောင်အား ဆီးရီးယားသံအမတ် Suleiman လက်ထဲသို့ ပေးအပ်ခဲ့ပြီး အလားတူ ဖြစ်ရပ်မျိုးထပ် မံမဖြစ်ပွားစေရန် ဆီးရီးယား အစိုးရကို တိုက်တွန်းပြောကြားခဲ့ သည်ဟုသိရှိရပါသည်။ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် အစိုးရအဖွဲ့ အတွင်းလူ တစ်ဦးဖြစ်သူ al-Sharaa သည် သမ္မတအာဆက် အစိုးရနှင့် လက်တွဲဖြုတ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခိုလှုံ သွားခဲ့ကြောင်း FSA ကလွန်ခဲ့သော ရက်သတ္တပတ်၌ ကြေညာချက် တစ်စောင်ထုတ်ပြန် ခဲ့ပါသည်။ သို့ရာတွင် al-Sharaa အနေဖြင့် ဂျော်ဒန် နိုင်ငံအတွင်းသို့ ထွက်ပြေးသွား သည်ဆိုသော အတိုက်အခံ တို့၏ကြေညာချက်မှာ မဟုတ်မှန်ကြောင်း al-Sharaa ရုံးက သြဂုတ်လ ၁၈ ရက်နေ့တွင် ငြင်းဆို ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်