Wednesday, August 22, 2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ၊ ဒေါက်တာအေးမောင်အား အယုံအကြည် မရှိသဖြင့် စုံစမ်းရေး ကော်မရှင်မှ ထုတ်ပယ်ရေး ကန့်ကွက်မည်

Posted by drmyochit Wednesday, August 22, 2012, under | No comments


 


 
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများအား စုံစမ်းရန်နိုင်ငံတော် သမ္မတကဖွဲ့စည်းပေး လိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါအဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ၊ ဒေါက်တာအေးမောင်အား အယုံအကြည် မရှိသဖြင့် စုံစမ်းရေး ကော်မရှင်မှ ထုတ်ပယ်ရေး ကို စစ်တွေ ဒေသခံအချို့က လက်မှတ်ရေးထိုး ကန့်ကွက်ရန် စီစဉ်နေသည်ဟု စစ်တွေဒေသခံ တစ်ဦးကပြောသည်။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း လူစုလူဝေးနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အစိုးရ၀န်ထမ်း မဟုတ်သည့် ပုဂ္ဂိုလ် ၂၇ ဦးပါဝင်သည့် ကော်မရှင် တရပ်ကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် ပါဝင်သည့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

 ၎င်းတို့ နှစ်ဦးမှာ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနှင့် အချက်အလက် မှန်များရရှိရေးတွင် သံသယရှိသည့် အတွက် စုပေါင်းလက်မှတ် ရေးထိုးကန့်ကွက် ရခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။“ကန့်ကွက်စာကို နိုင်ငံတော်သမ္မတဆီကိုပို့မှာပါ”ဟု ၎င်းက ပြောသည်။ ယင်းဒေသခံက “ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ရခိုင်တိုး တက်ရေးပါတီက ပါဝင်ပတ်သက်မှုတွေ အများကြီးရှိတယ်။ စစ်တွေတွင်ဇွန် ၃ ရက် က (ဈေးကောက်ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေအမှတ် ၁ ရဲစခန်းအား လူစုလူဝေးဖြင့် ဖျက်ဆီးမှု) ဖြစ်ခဲ့တဲ့ကိစ္စက ရခိုင်တိုးတက်ရေး ပါတီဝင်တွေကြောင့် စဖြစ်ခဲ့တာ။ ဦးကိုကိုကြီး ဆိုရင်လည်း ရခိုင်သမိုင်းနဲ့ ဒေသခံတွေ အပေါ်မှာ အမှန်တရားကို မသိဘူးလို့ ယူဆပါတယ်” ဟု YPI သို့ပြောသည်။ မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် ဇူလိုင်လက တပ်အတွက် စပါးကြိတ်နေသည့် ဆန်စက်ကို ခိုင်တိုးတက်ရေး ပါတီဒုတိယ မြို့နယ်ဥက္ကဋ္ဌက ဘင်္ဂါလီများအတွက် စပါးကြိတ် မပေးရန် သွားရောက်ပြော ဆိုခဲ့သဖြင့် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသည်။ ထိုကဲ့သို့ အောက်ခြေပါတီဝင်များ ကိုယ်တိုင်ပါဝင် ပတ်သက်နေသည့်ပါတီ ခေါင်းဆောင် အနေဖြင့် အမှန်တရားကို တိကျစွာဖော်ထုတ် ပေးလိမ့်မည်ဟု မယုံကြည်ကြောင်း စစ်တွေဒေသခံက ဆိုသည်။ “နိုင်ငံတော်သမ္မတ ကအကောင်းဆုံး လုပ်ပေးတာကို ၀မ်းသာပါတယ်။ ဒါပေမယ့် သူတို့မပါ ဘူးဆိုရင် ပိုပြီးပြည့်စုံတဲ့ အချက်တွေရနိုင်တယ်” ဟု ၎င်းက ပြောသည်။
 အမျိုးသားအကျိုး စီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အငြိမ်းစား သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့် ခေါင်းဆောင် စုံစမ်းစစ် ဆေးရေး ကော်မရှင်တွင် နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ မူဆလင် ဘာသာရေး လူမှုရေး ခေါင်းဆောင်များ၊ သိက္ခာတော်ရ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ အနုပညာရှင်၊ စာရေးဆရာများ ပါဝင်သည်ကို တွေ့ရသည်။ ကော်မရှင်မှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားကာ သမ္မတထံ တိုက်ရိုက် အစီရင်ခံ တင်ပြရမည်ဟု ဖေါ်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်