Wednesday, August 22, 2012

ဗုဒ္ဓ ရုပ်ထု တော်အား အနမ်းချွေခဲ့သည့် ပြင်သစ်အမျိုးသမီးအား ထောင် ၆ လချမှတ်

Posted by drmyochit Wednesday, August 22, 2012, under | No comments


သီရိလင်္ကာနိုင်ငံတွင် အားလပ်ရက် အလည်အပတ် လာကြသော ပြင်သစ်ကမ္ဘာလှည့် ခရီးသွားအုပ်စုထဲမှ အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓ၏ရုပ်တုတော် အားနှုတ်ခမ်းချင်း နမ်း နေဟန် ဓါတ်ပုံရိုက်ခဲ့ သည့်အတွက်သီရိလင်္ကာတွင် ထောင်ဒဏ်ခြောက် လကျခံစေရန် အင်္ဂါနေ့က ပြစ်ဒဏ်ချ မှတ်ခဲ့ကြောင်း သိရသည်။ပြစ်မှုကျူး လွန်ရာ၌ ပူးပေါင်း ပါဝင် ခဲ့သည့် ၎င်းအပြင် နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့အားလည်း ဒဏ်ငွေအဖြစ် တစ်ယောက်လျှင် ရူပီးတစ်ထောင့်ငါးရာစီ ပေးဆောင်ရန်လည်း ဆုံးဖြတ် ခဲ့သည်ဟု သိရသည်။

ဗုဒ္ဓရုပ်တုတော်အား နှုတ်ခမ်းချင်း နမ်းနေသော အမျိုးသမီးအား နောက်ပြောင်နေသည့် အမျိုးသားပုံဟာ ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို မချမ်းမြေ့စေ သောကြောင့် ရဲများက ယင်းအဖြစ်အတွက် သတိထားပြီး ပုံကို print ထုတ်ကာ ယခုလို ပြစ်ဒဏ်ချမှတ် ခဲ့တာဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်