Wednesday, August 22, 2012

ဝန်ကြီးဌာနများ၏ ဆိုက်ဘာ လုံခြုံရေးတိုးမြှင့်ရန် သတိပေး

Posted by drmyochit Wednesday, August 22, 2012, under | No comments


 


ပြည်ပဟက်ကာ အဖွဲ့များ၏ ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံမခံ ရစေရေးအတွက် အစိုးရ ဝန်ကြီးဌာန များအား အင်တာနက် ကွန်ရက် လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေးအကြောင်းကြား ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန် ရှိသူတစ်ဦးက ပြောသည်။
”ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီးက တည်းက အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီက အစည်းအဝေး လုပ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဒီလိုမျိုး ထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လို ကာကွယ်ရ မယ်ဆိုတာနဲ့ ပြည်ပကဘယ် အဖွဲ့အစည်းတွေ ကမြန်မာနိုင်ငံ ရဲ့ အင်တာနက် ကွန်ရက်တွေကို ဝင် တိုက်နေတယ် ဆိုတာကို ပြောသွား တယ်။ အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက်ကွန်ရက် စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့် ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို စောင့်ကြည့်ဖို့  အကြောင်းကြားစာ ပို့လာတယ်”ဟု ၄င်းက ဆိုသည်။ ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက အမျိုးသား ဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ပေးပို့သော အကြောင်း ကြားစာအရ ဝန် ကြီးဌာန တစ်ခုချင်းစီ အလိုက် အရေး ကြီးသော Data များအား ပြည်ပ ဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန် အတွက် Data လုံခြုံရေးကို တိကျစွာ လိုက်နာဆောင် ရွက်သွားရန်၊ ISP များအလိုက် တာဝန်ကျသူများက Data  စီးဆင်း မှုအား ၂၄ နာရီ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များဆုံး ရှုံးမှုမရှိ စေရန်ဌာန အလိုက်ကွန်ပျူတာ ကျွမ်းကျင်ပညာ ရှင်များအား အသိ ပေးအကြောင်း ကြား၍အမြန်ဆုံး ပြန်လည်ပြင်ဆင် ရမည်ဟုပါရှိကြောင်း ပြောသည်။ ”ဆိုက်ဘာလုံခြုံရေး ကော် မတီကပို့တဲ့ အကြောင်းကြားစာ ကတော့ဝန်ကြီး ဌာနအလိုက် အင်တာ နက်ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ဖို့ ပဲ”ဟု ၄င်းက ဆိုသည်။ အင်တာနက် ကွန်ရက်များအား ဝင်ရောက် တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသား ဆိုက်ဘာ လုံခြုံရေးကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင် ဖြစ်စေပူးပေါင်း ကာကွယ်ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။
”ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်တွေကို ဖိတ်ခေါ်တာဟာ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အင်တာ နက်ကွန်ရက်တွေကို ပြည်ပက ဝင်ရောက်တိုက် ခိုက်နေတာကို ဝိုင်း ဝန်းတွန်းလှန် ပေးဖို့အတွက် အကူအညီ တောင်းတဲ့သဘောပါ ”ဟု သက် ဆိုင်ရာတာဝန်ရှိသူ တစ်ဦးကဆိုသည်။ ယခုကဲ့သို့ ပြည်ပဟက်ကာ များ၏အလွယ် တကူဝင်ရောက်တိုက် ခိုက်မှုကို ခံခဲ့ရခြင်းမှာ လုံခြုံရေးစနစ်များ ချို့တဲ့မှုကြောင့် လည်းပါဝင် ကြောင်း၊ ထိုလုံခြုံစနစ်များ ကောင်းမွန်စေရန် ဆက်သွယ် ရေးဝန်ကြီးဌာနအား အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အား အချိန် ပြည့်စောင့်ကြည့်စေရန် အမျိုးသားဆိုက် ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ် ထားကြောင်း ထပ်မံသိရသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာနိုင်ငံ အမျိုး သားဆိုက်ဘာ လုံခြုံရေး ကော်မတီကို ယခင် အစိုးရလက်ထက် ၂ဝဝ၄ ခုနှစ်မှစတင်၍ ကွန်ပျူတာ ကျွမ်းကျင် တပ်မတော် အရာရှိများ၊ မြန်မာ့ ဆက်သွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ပမှ ကွန်ပျူတာကျွမ်းကျင် ပညာရှင် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ပြောသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်