Wednesday, August 22, 2012

တိုရန်တိုမြို့ ရိုဟင်ဂျာ ဆန္ဒပြပွဲ

Posted by drmyochit Wednesday, August 22, 2012, under | No comments


 
သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လူအင်အား ၅၀ ခန့်ပါဝင်သော လူတစုက ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ CBC (Canadian Broadcasting Commission) သတင်းဌာနရှေ့တွင် ရိုဟင်ဂျာကိစ္စကို ဆန္ဒပြခဲ့ကြသည်။ မြို့ခံရဲများ၏ တား ဆီးမှုကြောင့် ၁၅ မိနစ်ခန့်သာ စာရွက်များဖြန့်ဝေခြင်း၊ ဆိုင်းဘုတ်များထောင်ခြင်းတို့ကို ပြုလုပ်ပြီး CITY တီဗီ အသံ လွင့်ငှာနဘက်သို့ ချီတက်သွားကြသည်။ ထို့နောက် တိုရန်တို မြို့တော်ခန်းမအရှေ့မှဖြတ်က မြို့လယ်နေရာ Dundas Square တွင် ဆက်လက် ဆန္ဒပြကြသည်ဟု သိရှိရသည်။ ထိုသို့ ဆန္ဒပြရာတွင် ဗုဒ္ဓဘာသာအကြမ်းဖက်သမားများမ မူဆလင် အပြစ် မဲ့ပြည်သူများအား မတရား အနိုင်ကျင့် သတ်ဖြတ်နေသည်ဟု ကြွေးကြော်မှုများ ကြားတွေ့ရကြောင်း မျက်မြင်သက်သေများက ပြော သည်။ယခုဆန္ဒပြပွဲကို ဖေ့ဘွတ်ပိုင်ရှင် Aliyah Khan က စတင်စည်းရုံးလှုံဆော်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က တကြိမ်ဆန္ဒပြမှု လုပ်ခဲ့သေးသော်လည်း မည်သည့်မီဒီယာမှ ဖော်ပြခဲ့ခြင်း မရှိသည့်အတွက် ယခုတကြိမ် CBC သတင်းငှာနရှေ့တွင် ထပ်မံပြုလုပ်ကြခြင်း ဖြစ်ကြောင်းသိရသည်။ ယခု ဆန္ဒပြမှုမတိုင်ခင် အွန်တေရီယိုပြည်နယ် မြန်မာဗုဒ္ဓဘာသာ အသင်းကြီးမှ နေ၍ ရခိုင်အရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် တစောင်ကိုလဲ ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ကြေညာချက်တွင် မြန်မာ ဗုဒ္ဓ ဘာသာအသင်းကြီးနှင့်တကွ မြန်မာကွန်မြူနတီများမှနေ၍မည်သည့်လူမျိုး မည်သည့်ဘာသာဝင်တို့၏ အကြမ်းဖက်မှုများကို မဆို ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည။
 
 
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်