Sunday, March 17, 2013

ထိုင်းဘုရင်အုတ်ဂူဟုယူဆရသော အုတ်ဂူအတွင်းမှ အရိုးအိုးပုံစံမြေစိုင်ခဲနှင့် မှန်ပန်ချီ ကားများတွေ့ရှိ

Posted by drmyochit Sunday, March 17, 2013, under | No comments


ထိုင်းဘုရင် အုတ်ဂူဟု ယူ ဆရသော အုတ်ဂူအား တူးဖော် ရာတွင် အရိုးအိုး ပုံစံ တူမြေဆိုင် ခဲနှင့် မှန်ပေါ်တွင်ရေး ဆွဲထားသော ပန်း ချီကားများ မတ်လ၁၃ ရက်နေ့ကတွေ့ရကြောင်းသိရသည်။

မန္တလေးတိုင်း ဒေသကြီး အမရ ပူရမြို့နယ် ဆင်စွယ် ပွတ်ရပ် ကွက် တောင် သမန်ကန် အနီးရှိ အုတ်ဂူအား ထိုင်း ဘုရင် အုတ်ဂူဖြစ်ကြောင်း အခိုင် အမာ အထောက် အထား ရရှိရန် ထိုင်းရှေ့ဟာင်း သုတေသန ပညာရှင် များ အဖွဲ့ က ဖေဖေါ်ဝါရီလ၂ဝရက်နေ့ မှစတင်တူး ဖော်ပြုလုပ်ရာ အခုကဲ့သို့ တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းသို့ တွေ့ရှိ ရသော ပစ်စည်းများ အပေါ် ထိုင်းဘုရင် အုတ်ဂူဟောင်း ရှာဖွေရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် က "ထိုင်းဘုရင် အုတ်ဂူဟောင်း လို့ယူဆ တဲ့ အုတ်ဂူကို တူးဖော်တာ၂၁ ရက်ရှိပါပြီ ဒီနေ့ မှာတော့ အရိုး အိုးလို့ ယူဆ ရတဲ့ ပုံစံတူ မြေဆိုင် ခဲတွေရယ်။ မှန်ချပ်ပေါ် မှာပန်း ချီရေး ဆွဲ ထားတဲ့ မှန်တွေ ရယ် တခြား ဆက်စပ် ပစ္စည်းတွေတွေ့ ရတာပါ။ အခု ရရှိထားတဲ့ ပစ္စည်းတွေကို DNA စစ်ဆေး သွားမှာပါ " ဟုပြော သည်။

မန်းကိုကို

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်