၁၃၇၄ခုနှစ်၊ တပေါင်း လဆန်း (၅) ရက်။
၂၀၁၃ ခုနှစ်၊ မတ်လ (၁၆)ရက်။ ၁၂၊ ၁၂၊ ၂၀၁၂ ရက်နေ့ တွင် စတင်ဖွင့်လှစ် ခဲ့သော တုံရွာထိပ် သပိတ် စခန်းနှင့် ၇၊ ၃၊ ၂၀၁၃ ရက်နေ့တွင် တောင်သိမ်း တိုက်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့သော လိပ်ခွံ တောင်နှင့် အင် ကြင်းေ တာင် သပိတ် စခန်းအား လက်ပံ တောင်းတောင် ပြည်သူ့ အကျိုး စီးပွား ကာ ကွယ် စောင့်ရှောက် ရေးကော် မတီ၏ ဆုံးဖြတ် ချက်အရ ယနေ့ (၁၆၊ ၃၊ ၂၀၁၂) ရက်နေ့ ညနေ (၄း၀၀) တွင် ရုပ်သိမ်းလိုက်သည်။
အဆိုပါ သပိတ် စခန်း များအား လက်ပန်တောင်း တောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တွင် အထောက် အကူပြုေ စရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ရည်ရွယ်ခဲ့သည့်အလျောက်လည်း အဆိုပါ သပိတ် စခန်းများသည် လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တွင် များစွာ အထောက် အ ကူပြု ခဲ့ပါသည်။
သပိတ်စခန်းများကြောင့် ဒေသခံပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့်ီုနိုးကြားမှုများ မြင့်တက်လာခဲ့ပါသည်။ ဒေသတွင်း မြင့်တက်လာသော ပဋိက္ခ အရှိန်အဟုန်များအားလျှော့ချစေရေး၊ ထိပ်တိုက်တွေ့ဆုံရေးများအား ရှောင်လွှဲနိုင်ရေးတို့အပြင်ဖြစ်ပေါ်လာသော အခြေအနေများအရ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ဖျ က်သိမ်းရေး တောင်းဆိုမှုအား အခြားသော နည်းလမ်းများဖြင့် ဆက်လက်ဆောင် ရွက်သွားနို င်ရေးအတွက် ယခုကဲ့သို့ ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။
ဒေသခံပြည်သူများက ယခုကဲ့သို့ သပိတ်စခန်းအားတစ်ဖက်သတ်ရုတ်သိမ်းလိုက်ည့် အလားတူ သက်ဆိုင် ရာ အာဏာပိုင်များကလည်းေ ဒသခံများ၏ သွားလာခွင့်အား ကန့်သတ်ထားသော ပုဒ်မ-၁၄၄ အားရုတ် သိမ်းေ ပးရန် တောင်းဆိုလိုက်သည်။ ဤသို့ ရုတ်သိမ်းပေးခြင်း သည်သာ ဒေသတွင်းတည်ငြိမ်မှု အတွက် နှစ်ဖက်မျှတသော လုပ်ဆောင်ချက်ဖြစ်မည် ယုံကြည်ပါသည်။
လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးေ က်ာမတီ။ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ ၁၆၊ ၃၊ ၂၀၁၃။
ဓာတ်ပုံ - Hot News
News of Myanmar
Time in Rangoon


0 comments:
Post a Comment