မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာ အုပ်စု ဘန်လင်ကျေးရွာနေ ဦးမြင့်တင် (ခ) နောင် အ (ဘ) ဦးထွန်းသွေ ၊ အသက် (၄၅) နှစ်သည် မတ် လ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် ဘန်လော ကျေးရွာ အနီး မြစ်အတွင်း ပိုက်ချ ငါးဖမ်း ၍ ပိုက်ဖော်စဉ် ငါးပြေမ တစ်ကောင်အား မိပြီး ပါးစပ်ဖြင့် ကိုက်ကာ နောက်တစ်ကောင်အား ပိုက်မှ ဖြုတ်ယူစဉ် ပါးစပ်တွင် ကိုက်ထားသော ငါးပြေမ လည်ချောင်းထဲ တိုးဝင်ပြီး အသက်ရှုပိတ်ကာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလောင်းအား တနင်္သာရီ မြို့နယ် ရဲစခန်းမှ သေမှု သေခင်း ဖွင့်လှစ်ပြီးနောက် တနင်္သာရီမြှို ရင်ခွဲရုံ တွင် စစ်ဆေး သင်္ဂြုလ် ခဲ့ကြောင်း သတင်းရရှိပါသည်။
မြိတ်ပု လဲမြေ
Time in Rangoon


0 comments:
Post a Comment