Sunday, March 17, 2013

အသက် ၁၈ နှစ်အရွယ် လှူုငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Posted by drmyochit Sunday, March 17, 2013, under | No comments


အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှု မင်္ဂလာ တောင်ညွန့်မြို့ နယ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပ လရပ်ကွက်၊ တိုက် ၁၄၊ အခန်း ၁၆တွင် လူငယ် တစ်ဦး ကြိုးဆွဲ ချသေ ဆုံးကြောင်း သတင်းအရ မင်္ဂလာတောင် ညွန့် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိ သူများက အသိ သက် သေများဖြင့် သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ သန်း ထိုက် ဇော် ၁၈ နှစ်ဖြစ်ပြီး တိုက်ခန်း၏ နောက် တွင်းခန်း၌ တံခါး ပိတ်၍ ထုတ်တန်း၌ ကြိုးချဉ်ပြီး လည်ပင်းတွင် ကြိုး ကွင်း စွပ်လျက် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိရဘဲ ကြိုးဆွဲ ချသေဆုံး သည့် လက္ခ ဏာများဖြင့် တွေ့ရှိ ရကြောင်း သိရသည်။

 သေဆုံးသူမှာ စိတ်မှုမမှန်သူဖြစ်ပြီး လွန်ခဲ့သောနှစ် လခန့်ကလည်း အလားတူ ဆွဲကြိုးချသေကြောင်း ကြံစည် ဖူးကြောင်း ဖခင်ဖြစ် သူက တာဝန်ရှိသူများကို ပြောကြားသည်ဟု သိရသည်။ အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၀၇၃ ဖြင့်လက်ခံထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ဒုရဲအုပ်ဇော် ဦးက တရား လိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၁၃ ဖြင့် အမှု ဖွင့်၍ အမှုစစ်ရဲအုပ် သက်နိုင် (စခမ)က စစ်ဆေးလျက်ရှိကြောင်းသိရသည်။  


By The Public Image  
from ရိုးရာလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်