ဧပြီ လဆန်းတွင် မိုဘိုင်းလ် ဖုန်းများကို ငွေကျပ်ထောင် ဂဏန်း အထိ ဈေးလျှော့ရောင်း ချပေး မည်ဖြစ်ရာ မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းက နိုင်ငံ့ ဝန်ထမ်း များနှင့် ကျေး လက်နေပြည် သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်းချ ထားသော မိုဘိုင်းလ်ဖုန်း များအတွက် အရစ်ကျ လစဉ်ကြေးများ ပေး သွင်းရန် လို အပ်တော့ မည် မ ဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူစာချုပ်ပါ ဖော်ပြ ချက် အရ သိရ သည်။ မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ် ခဲ့ပါက သတ် မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ် ကျဖုန်း များအ တွက် စာချုပ်ပါ အချက် အလက် များ အတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြန်ကြားရေး တာ ဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။
မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင် ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ် ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းေ ခတ္တ ပိတ်သိမ်း ထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေး တိုင်းဒေ သကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အရစ် ကျ စနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်းတို့ ၏ ဝန်ထမ်းလစာအတွင်းမှ ဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ် ဖုန်း ဝယ်ယူအသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။
Time in Rangoon


0 comments:
Post a Comment