Sunday, March 17, 2013

ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား မိုဘိုင်း အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ပြုမည်

Posted by drmyochit Sunday, March 17, 2013, under | No comments


ယခုဘဏ္ဍာ နှစ် အတွက် မိုဘိုင်းအော် ပရေတာ အဖြစ် ပြည် တွင်းပြည် ပ ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုအား လုပ် ကိုင်ခွင့်ပြု သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက် အလက် နည်း ပညာ ဝန်ကြီး ဌာနမှ သိရ သည်။

ယင်းသို့ ဆက်သွယ်ရေးအော်ပရေ တာ အဖြစ် လုပ် ကိုင်ခွင့်ပြု နိုင်ရန် အတွက် ပြည် တွင်းပြည်ပ ကုမ္ပ ဏီများ အား လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စ ရပ်များ ကိုစိစစ်ရွေးချယ် မှုများ ဆောင်ရွက် လျက် ရှိကြောင်း သိ ရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး နှင့် သတင်း အချက် အလက် နည်း ပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦး က ''ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ် ကိုင် ဖို့ ကုမ္ပဏီ နှစ်ခုကို ချထား ပေးမှာ ပါ။ ပြည် တွင်း ပြည်ပ ကုမ္ပဏီ တွေ အများ ကြီးလာ လျှောက် တဲ့အထဲကနေ နှစ်ခု ရွေးချယ် သွား မယ်။ ဒီနှစ် အတွက် လုပ်ကိုင် ခွင့်ကို ချထားပေး သွား မှာပါ''ဟု ပြောသည်။

လက်ရှိ တွင် ဆက်သွယ်ရေး ကဏ္ဍ များဖြစ် သည့် မိုဘိုင်း၊ အင်တာနက်၊ ကြိုးဖုန်း၊ အိုင်တီ အစရှိသည့်လုပ် ငန်းများ ကို ပုဂ္ဂလိက သို့ လုပ်ကိုင်စေရန် လွှဲပြောင်းပေး မည့် အစီ အစဉ် များရှိပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မူဝါဒပိုင်းနှင့် စည်းမျဉ်း စည်းကမ်း ပိုင်း ကိုသာ အဓိကထား ၍လုပ်ကိုင်ဆောင် ရွက်သွား မည်ဖြစ် သည်။ 

ဆက်သွယ်ရေး အော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန် လျှောက်ထားသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ် သည့်   E-lite Tech  မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင် မောင်အေးက '' E-lite Tech  အနေနဲ့ ဒီနှစ် အတွက် ဆက်သွယ် ရေးအော် ပရေတာ ရရှိ ဖို့ လျှောက်ထား ပါတယ်။ လုပ်ကိုင် ခွင့်တွေလဲ မကြာမီ ချပေး တော့ မယ်လို့ ကြားတယ်။ လျှောက်တဲ့အခါမှာ ကိုယ့် ကုမ္ပဏီ က ဘယ် အပိုင်း လုပ်ကိုင် ချင်တာ လဲဆို တာ ပါတယ်။ ဆက်သွယ်ရေး ကနေ ကုမ္ပဏီကို ခေါ်တွေ့ မေးမြန်းဦး မလားတော့ မပြောတတ်ဘူး။ ယှဉ် ပြိုင် လုပ်ကိုင် ခွင့်ရရင် တော့ အပြိုင် အဆိုင် တွေဖြစ်လာမှာ ကျိန်း သေ ပါပဲ''ဟု ပြောသည်။

ယင်းသို့ မိုဘိုင်းအော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၉၁ ခုမှ လျှောက် ထားခြင်းဖြစ်ပြီး ယင်းတို့အ နက်မှ ရွေးချယ်ကာ လုပ်ကိုင် ခွင့်ချ ထားပေး သွားမည်ဖြစ်ကြောင်း သိရ သည်။ Myanmar  Telecom  ကုမ္ပ ဏီအား ဆက် သွယ် ရေး ကော် ပိုရေးရှင်း မှ ရန်ပုံငွေ နှင့်အတူ နိုင်ငံ တကာ အဖွဲ့ အစည်း များထံမှ ချေးငွေနှင့် အထောက် အပံ့များ၊ နည်းပညာ များ ဆက်သွယ်ရ ယူလျက် လုပ်ငန်း  လည်ပတ် ဆောင် ရွက် မည်ဖြစ်ပြီး Myanmar  Telecom    ၊ Yatanarpon Telecom  တို့ နှင့် အပြိုင် Separate Operator Co., Ltd. နှစ်ခု အား ဥပဒေ၊ နည်း ဥပ ဒေနှင့် အညီ Telecom  ဝန်ဆောင်မှု ကို ယှဉ်ပြိုင်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်သည်။

ဖူးပွင့်သော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်