Sunday, March 17, 2013

မြန်မာ့ ဂီတ အစည်းအရုံး တွင် ငွေအလွဲသုံးစားမှု တစ်ခု ဖြစ်ပွား

Posted by drmyochit Sunday, March 17, 2013, under | No comments


ကျွန်တော် တို့ဟာ အမြင့်တစ်နေရာဆီကို ရောက်ရှိ လာလေလေ… ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ ပိုမို လိုအပ် လာလေလေပဲ ဖြစ်ပါတယ်။ ရာထူးကြီးပေ မယ့် ကိုယ် ကျင့်တရား ကောင်းမွန်ခြင်း မရှိဘူး ဆိုရင် အဲဒီလူသားကို ဘယ်သူကမှ ဆေးဖော် ကြော ဖက် လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ မကြာ သေး ခင်က မြန်မာ နိုင်ငံ ဂီတ အစည်း အရုံး(ဗဟို) ထဲမှာ ငွေ အလွဲသုံးစား လုပ်မှု တစ်ရပ် ပေါ်ပေါက် ခဲ့ပါတယ်။ ငွေအလွဲသုံးစား ပြုလုပ်သွားသူက အလုပ် အမှုဆောင် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ 

ပုဂ္ဂိုလ်ရေးရာ ဂုဏ်သိက္ခာ ရှိနေ သေးတာမို့ အဲဒီလူ အမည်ကို ဂီတ အစည်းအရုံး(ဗဟို)က ကြေညာထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သတင်းတွေ အရ အဲဒီပုဂ္ဂိုလ် အလွဲသုံးစား လုပ်သွားတဲ့ ငွေပမာဏဟာ ကျပ်သိန်း လေးရာကိုးဆယ်လေးသိန်းနဲ့ တစ်ထောင်နှစ်ရာ ရှိတယ်လို့လည်း သိခဲ့ကြရပါတယ်။ ဂီတ အစည်းအရုံး (ဗဟို)ဟာ မီဒီယာတွေဆီက ရရှိမယ့် အနုပညာ ကြွေးကျန်တွေကို ပေးအပ်ပြီး ဖြစ်တဲ့အကြောင့် စာရင်းဇယား ပြသ ဖြေရှင်း လိုက်တဲ့အတွက် ငွေစာရင်း ပြန်လည် စစ်ဆေး လိုက်ချိန်မှာ ငွေကျပ်သိန်း လေးရာကျော် ကွာဟ နေတာကို မြင်တွေ့ခဲ့ကြရတာပါ။

 အခုတော့ ကာယကံရှင်ကို ခေါ်ယူ စစ်မေးပြီး သူအလွဲသုံးစား လုပ်ခဲ့မိပါတယ် ဆိုတဲ့ ၀န်ခံချက်ကိုလည်း ရရှိ ထားခဲ့ ပြီးပါပြီ။ လတ်တလောမှာတော့ အဲဒီ အလုပ်မှုဆောင် ပုဂ္ဂိုလ်ကို ဂီတ အစည်းအရုံးအဖွဲ့ဝင် အဖြစ် ကနေ ရပ်ဆိုင်းပြီး ဥပဒေ ကြောင်းအရ ဆက်လက် ဆောင်ရွက်ဖို့ စီမံ ကြရတော့မှာပါ။ “ဒီကိစ္စကို သိတော့ အရမ်းအံ့သြ ရပါတယ်။ စိတ်လည်း မကောင်း ဖြစ်မိတယ်ပေါ့နော်။ ကိုယ့် ပိုက်ဆံလည်း မဟုတ်ပဲနဲ့ တစ်လော ကလုံးနဲ့ ဆိုင်တဲ့ ငွေကို အလွဲသုံးစား လုပ်တယ်ဆိုတာတော့လေ။ 

သူကိုယ်တိုင် ၀န်ခံပြီ ဆိုမှ အခု ကြေငြာချက်ကို ထုတ်လိုက်တာပါ” ဟု ဖြစ်ပေါ်လာတဲ့ ပြဿနာအပေါ် ဂီတ အစည်းအရုံး(ဗဟို)ရဲ့ အတွင်း ရေးမှူး တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ရင်တွင်း ခံစားချက်ကို ပြောပြခဲ့တာပါ။ အများပိုင်ငွေကို အလွဲသုံးစား ပြုမိသူ တစ်ယောက်ရဲ့ နိဂုံးဟာ ဘယ်ပုံ ဘယ်နည်း အဆုံးသတ်မလဲ ဆိုတာကိုတော့ ဂီတ အစည်းအရုံး အပြင် ပရိသတ်တွေလည်း စောင့်ကြည့် ကြရမှာပဲ ဖြစ်ပါတော့တယ်။

Myanmar Daily News မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်