Sunday, March 17, 2013

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦး ကိစ္စ ဖြေရှင်းရန် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေး ပြုလုပ်မည်

Posted by drmyochit Sunday, March 17, 2013, under | No comments


မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နှစ်နိုင်ငံ တပ်မှူး အ ဆင့် အလံတင် အစည်း အဝေးကို ယနေ့တွင် ပြုလုပ် မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Photo: နစကနှင့် ဘင်္ဂလာ ဘီဂျီဘီများ ယခင်က ပြုလုပ်သော အလံတင် ဆွေးနွေးပွဲ။

ဘင်္ဂလာဒေခ်ျ့ ရဲတပ်သား (၃) ဦးနှင့် အရပ်သား တစ်ဦး တို့  ဗုဒ္ဓဟူး နေ့ က  မြန်မာ နစက တပ်ဖွဲ့၏ ဖမ်းဆီး မူ ကို ခံရပြီးနောက် နယ်စပ် အခြေ အနေ တင်းမာလာ ရာမှ နှစ်နိုင်ငံ အနေဖြင့် တပ်မှူး အဆင့် အစည်း အဝေး ပြုလုပ်ရန် သဘော တူ ခဲ့ကြခြင်း ဖြစ် သည်။

နှစ်နိုင်ငံ အလံတင် အစည်း အဝေးတွင် မြန်မာ ဘက်က ဖမ်းဆီး ထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ပြန်လည် လွှတ်ပေး လိမ့်မည်ဟု ဘင်္ဂလာ တာဝန် ရှိသူ များက မျှော်လင့်နေကြောင်း သိ ရသည်။

ဘင်္ဂလာ ရုပ်သံဌာနများမှ အဆိုပါ သတင်းကို ထုတ်လွှင့် ဖေါ်ပြနေ ရာ ဖမ်းဆီးခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား များကို ယနေ့ မြန်မာဘက်က လွှဲပြောင်းပေး မည်ဟု ဖေါ်ပြသည်။

အစော ပိုင်းတွင် မြန်မာဘက်မှ  အဆိုပါ အဖမ်းအဆီး ကိစ္စနှင့် တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိ ခဲ့ကြောင်း သိရသည်။

ယနေ့ ပြုလုပ်မည့် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးတွင် ပြုလုပ် မည်ဟု သိရသည်။

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ (၄) ဦးကို  မြန်မာနိုင်ငံထဲ ၀င်ရောက် ဓါတ်ပုံ ရိုက်ရာမှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း မြန်မာ ဘက်က ပြောသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်ကမူ သူ့နိုင်ငံထဲထိ နစကတပ်ဖွဲ့မှ ၀င်ရောက်ပြီး သေ နတ်ဖြင့် တည့်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နယ်စပ် လက်ကိုင် တပ်ဖွဲ့မှ တပ်သားများ  မြန်မာနိုင်ငံထဲ ဖမ်းဆီး ခေါ်ဆောင်ခံရသည်မှာ ဆယ်စုနှစ် တစ်ခု အတွင်း ယခု အကြိမ်သည် ပထမဆုံး ဖြစ်သည်။

နိရဉ္ဇရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်