နေပြည်တော်၊ မတ် ၎
၁-၃-၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာနေ ဦးကွေးမြင့် (၃၂)နှစ်သည် နောင်မွန်ရဲစခန်းသို့ ရောက်ရှိလာပြီး ၁၁-၂-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် ၎င်း၏ အစ်ကိုဖြစ် သူထံ ဦးကွေးချန်(၃၅)နှစ်သည် နောင်မွန်ကျေးရွာရှိနေအိမ်မှ တရုတ်နှစ်သစ်ကူးပွဲ လည်ပတ် ရန် ဆိုင်ကယ်ဖြင့်ထွက်ခွာသွားရာမှ ယနေ့ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း တိုင်တန်းသဖြင့် နောင်မွန် ရဲစခန်း လူပျောက်အမှတ်စဉ်(၁/၂၀၁၃) ဖြင့် ရေးဖွင့်စုံစမ်းခဲ့သည်။
ထိုသို့ စုံစမ်းနေစဉ် ၃-၃-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီး၌ လူသေ အလောင်းမြှုပ်နှံ ထားသည်ဟုယူဆရကြောင်းသတင်းအရ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ် တရားသူကြီး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့် အတူ သွားရောက်တူးဖော်ကြည့်ရှုစစ်ဆေးရာ နောင်မွန်ရဲစခန်းတွင် လူပျောက်တိုင်တန်း ထားသည့် ဦးကွေးချန်၏ အလောင်းဖြစ်ကြောင်း ဦးကွေးမြင့်၏ ပြောပြချက်အရ သိရှိရသည်။
အလောင်းအား စစ်ဆေးရာ ၀ဲမျက်ခုံးနှင့် နဖူးကြားတွင် ဒဏ်ရာ(၁)ချက်၊ ယာချိုစောင်းမှ နားထင်အထိ ဦးခေါင်းရိုး ကျိုးဒဏ်ရာ(၁)ချက်၊ ယာလက်ဖျံရိုးကျိုးဒဏ်ရာ(၁)ချက်၊ နောက်စေ့တည့်တည့်တွင် ဒဏ်ရာ(၁)ချက် တို့အား တွေ့ရှိရသဖြင့် နမ့်ပေါင်ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၃)ဖြင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
0 comments:
Post a Comment