Monday, March 04, 2013

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နစ်မြုပ်ခဲ့သည့် M.V Harita Bauxite သင်္ဘောမှ မြန်မာသင်္ဘောသား ၈ ဦး ပြန်လည်ရောက်ရှိ

Posted by drmyochit Monday, March 04, 2013, under | No comments


ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အနီး တွင် နစ်မြုပ်ခဲ့သည့် M.V Harita Bauxite သင်္ဘော မှ မြန်မာသင်္ဘောသား ၈ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိ ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာ သင်္ဘော သား ၂၄ ဦး ပါဝင်သော M.V Harita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက် ပိုင်းတွင် နစ်မြုပ်ခဲ့ရာ သင်္ဘောသားကိုးဦးအား ကယ်တင်နိုင်ခဲ့သည်။ သင်္ဘောသား ၁၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တစ်ဦးသေဆုံးခဲ့သည်။ ယင်းသို့ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘောသား ၉ ဦးအနက် တစ်ဦးမှာ ဖိလစ်ပိုင်နိုင်ငံရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်သင်္ဘောသား ၈ ဦး မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က TG လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။


"ကျွန်တော်တို့ သင်္ဘောနစ်မြုပ်ခဲ့တဲ့အချိန်က ညဘက်ဖြစ်နေပြီး ရာသီဥတုကလည်း ဆိုးနေတာကြောင့် တခြားသင်္ဘောသားတွေကို ရှာဖွေကယ်တင်နိုင်ဖို့ နောက်ကျခဲ့ရပါတယ်။ ကပ္ပတိန်အပါအ၀င် ကျန်ရစ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်" ဟု M.V Harita Bauxite သင်္ဘောမှ Chief Officer ဦးကြည်ဝင်းက ပြောကြားပါသည်။

ပနားမားနိုင်ငံအလံ လွှင့်ထူထားသော စင်ကာပူနိုင်ငံပိုင် SIAN SEA GBAY သင်္ဘောကုမ္ပဏီမှ တန်ချိန် ၃၀၂၂၈ ခန့်ရှိ M.V Harita Bauxite သင်္ဘောသည် ဖေဖော်ဝါရီလ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ မောင်းနှင်လာစဉ် ဖိလစ်ပိုင်ကမ်းရိုးတန်း ဘိုလီနာအိုမြို့အနီးတွင် နစ်မြုပ်ခဲ့သည်။ အဆိုပါ သင်္ဘောနစ်မြုပ်မှုကြောင့် ဦးမြင့်အောင် Chief Cook (၅၄) နှစ် သေဆုံးခဲ့ပြီး၊ ကပ္ပတိန်အပါအ၀င် သင်္ဘောသား၁၄ ဦးမှာ ယခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဓာတ်ပုံ - demotix.com
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်