လုပ်ငန်းခွင် ထိခိုက်ဒ ဏ်ရာ ရရှိ သဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီး ဆုံးရှုံး သွားသည့် အလုပ် သမား ၂ဦး အတွက် ပူးပေါင်း ကူညီသူ များ ဆောင် ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ ပထမ အရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြ ချက်အရ သိရှိရသည်။
ယမန်နေ့က ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း(အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်း ရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင် ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆ လမ်း ထဲတွင်ရှိသော မော်တော်ဆိုင်ကယ် အပို ပစ္စည်းစက် ရုံတွင် လက်မတော်တဆ ညပ်မိသဖြင့် ဘယ်လက်ဝါး အားလုံးပြတ်ထွက်သွားခဲ့သည်။
နောက်တစ်ဦးမှာ ဘန်ကောက်မြို့ အနီး အုန်းနွဲ့ဖက်ကဆင် ၁၂၀လမ်းတွင်ရှိသော SAMMARTY MOTHER CO,LTD ပုံးလောင်းပါကင် အလုပ်ရုံတွင် ဇွန်လက လက်ချောင်းများပြတ်တောက်သွားခဲ့သည့် ပဲခူးမှ မအေး သီတာဝင်းအား အာမခံကြေး ဘတ်ငွေ တစ်သိန်းခြောက်သောင်းကျော်အား ပြီးခဲ့သည့်လက ရရှိခဲ့သည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေက လုပ်ငန်းရှင်ထံမှ နစ်နာကြေးများထပ်မံရရှိဦးမည်ဖြစ်ကြောင်း ပြောပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ပူးပေါင်းဆောင်ရွက်မှု
ရလဒ်တွေပါ။ အယင်တုန်းက ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကျိုးတာပြတ်တာတွေရဖို့ နေနေသာသာ
အသက်သေ ရင်တောင် တစ်ပြားမှ မရခဲ့ကြဘူး။ ခု ကျနော်တို့မှာ FED က ရှေ့နေလည်းရှိနေတယ်။ လိုအပ်ချက်အချို့ကို မြန်မာသံရုံး က သံမှူး ဦးအောင်ကျော်လင်း၊ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နဲ့ အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် တို့ကလည်း ကူညီပေးကြတယ်။ နောက်ထပ် အကျိုး အပြတ်တွေရော ကားတိုက်သေဆုံးမှု တွေရောအများကြီး ကျနော်တို့ ကိုင်တွယ်ဖြေရှင်းနေ ရတာတွေ ရှိပါ တယ်” ဟုပြောသည်။
ထိုင်းအလုပ်သမားဥပဒေတွင် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်စေ၊ အခြားသေမှုသေခင်းတစ်ခုခုဖြစ်စေ အချိန်
ကာလ အားဖြင့် ရက်ပေါင်း ၁၈၀(၆လ) မကျော်မီ အမှုဖွင့်တိုင်ကြားရမည်ဟု ပြဌာန်းထားကြောင်း ထိုင်းရှေ့နေ များပြောပြချက်အရ သိရှိရသည်။
ref: ရွှေလုပ်သား
0 comments:
Post a Comment