အမေရိ ကန်ပြည်ထောင်စု တက္ကစက်စ်ပြည်နယ် ဟူစတန် မြို့ကမြန်မာဒုက္ခသည် အများဆုံးနေ ထိုင်တဲ့ တိုက်ခန်းတွေ မှာ ဒေသစံတော်ချိန် ဒီကနေ့ မနက် (၈)နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။
ဗီယက်နမ် လူမျိုးမိသားစုနေထိုင်တဲ့တိုက်ခန်းကနေ စတင်မီးလောင်တယ်လို့ ယူဆထားကြောင်း မြန်မာ ဒုက္ခသည် အသိုင်း အ၀ိုင်းကို ဦးဆောင် အကူအညီပေးနေတဲ့ ကိုဂျွန်ဂလင်းက Burma News elite ကို ပြောပါ တယ်။
အဲဒီတိုက်ခန်းမှာ မနေ့ညက ပါတီပွဲပြုလုပ်ခဲ့ကြောင်းသိရတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ သက်ဆိုင်ရာက မီးလောင်မှုဖြစ်ပွား ရတဲ့ အကြောင်းအရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မီးလောင်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကိုဂျွန်ဂလင်းကပြောပါတယ်။
မီးလောင်ခံရတဲ့တိုက်ခန်းတွေထဲမှာ မြန်မာဒုက္ခသည်မိသားစုတွေနေထိုင်တဲ့ တိုက်ခန်း (၆) ခန်းနီးပါးဟာ လုံးဝဆုံးရှုံးပျက်စီးသွားပါတယ်။ ဒါအပြင် မီးလောင်တဲ့အရှိန်ကိုခံရတဲ့ မြန်မာဒုက္ခသည် တိုက်ခန်းပေါင်း (၁၄) ခန်းလောက်ရှိတယ်လို့သိရပါတယ်။
အမေရိကန်ပြည်ထောင်စု တက်စက်စ်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့တဲ့လေးနှစ်အတွင်း မြန်မာ ဒုက္ခ သည်တွေနေ ထိုင်တဲ့နေရာမှာ ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကိုဂျွန်ဂလင်း ကပြောပါတယ်။
မီးဘေးဒုက္ခသည် မြန်မာမိသားစုတွေအတွက် ဒေသဆိုင်ရာ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အေဂျင် စီတွေ က လောလောဆယ် အကူအညီပေးနေကြောင်းလည်း သိရပါတယ်။
အခုလို မတော်တဆမီးလောင်မှုနဲ့ပတ်သက်လို့ မြန်မာဒုက္ခသည်တွေ အနေနဲ့ အရေးကြီးတဲ့ စာရွက်စာ တမ်းတွေကို ကိုယ်နဲ့တပါတည်းယူနိုင်ဖို့ အသင့်ပြင်ဆင်ထားတာမျိုး လုပ်ထားဖို့လိုကြောင်း မြန်မာဒုက္ခ သည် မိသားစုအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဂျွန်ဂလင်းက Burma News elite ကို ပြောသွား ပါတယ်။
(IJN/Burma-Newselite)
Time in Rangoon


0 comments:
Post a Comment